Summary
Myanmar is one of the countries which is blessed with diverse ethnic cultures. For that reason, both conservative Myanmar men and women mistakenly mix cultural values with women’s rights. For example, some educated families do not want their daughters to study or work abroad as they are worried about harms to their daughters without family protection. Girls and women are usually not allowed to go out late night for fear of rape. Controlling women’s mobility to protect them but not doing much to prevent rapes will not stop the rapes. Myanmar government needs to have a firm law for the rapists and protect the rights for girls and women who are underprivileged.
မြန်မာနိုင်ငံတွင် မြန်မာအမျိုးသမီး မိန်းကလေးများအနေဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မရရှိခြင်းနှင့် ပတ်သက်ပြီး ပြောစရာလေးတွေ အရင်ကလည်း ရှိခဲ့သလို ယခုအချိန်အထိလည်း ပြောစရာလေးတွေ ကျန်နေသေးပါတယ်။

(A Myanmar girl doing house work)
မြန်မာနိုင်ငံဟာ အာရှတိုက်မှာ ယဉ်ကျေးမှုအများအပြား ထွန်းကားတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် မြန်မာ့ယဉ်ကျေးမှုကို မြန်မာ မိန်းကလေးများသာမက ယောကျာ်းသားများကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံမှာ ဘယ်လောက်ထိပညာတတ်မိသားစုမှ ဖြစ်နေပါစေ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ရောပြွန်းကာ နားလည်မှုတွေ လွဲနေတာ တွေ့ရပါတယ်။ တကယ်တော့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ အမျိုးသမီးအခွင့်အရေးတွေကို အလေးထားခြင်းက တော်တော်လေးကို ကွာပါတယ်။ အများအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ယောကျာ်းသား တော်တော်များများကတော့ မိန်းမသားများကို ထိန်းချုပ် ချုပ်ကိုင်ချင်တာကို တွေ့ရပါတယ်။ တချို့သော အမျိုးသမီးများကိုယ်တိုင်ကလည်း ၄င်းတို့ရဲ့ သမီးများကို ရှေးရိုးစွဲ အယူများဖြင့် ထိန်းချုပ် ချုပ်ကိုင်ကြပါတယ်။
ဥပမာအားဖြင့် ပြောရမယ်ဆိုရင်ဖြင့် – မိန်းကလေးများအနေဖြင့် ည ၈နာရီ၊ ၉ နာရီကျော်ရင် အပြင်မထွက်ရ။ မိမိတို့၏ သမီးပျိုများ အဓမ္မကျင့်ခံရမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု မိဘများက အကြောင်းပြကြသည်။ ဒီနေရာမှာ အဓမ္မကျင့်ခံရမှာကို ကြောက်တော့ သမီးတွေခမျာ အပြင်ကို မထွက်ရရှာ။ အမှန်တကယ် ထိန်းချုပ်ရမှာက မိမိတို့ရဲ့ သမီးပျိုများကို မဟုတ်ဘဲ ထိုကဲ့သို့ ယုတ်မာကောက်ကျစ်တဲ့ အကြံရှိနေတဲ့ ယောကျာ်းသားများကို ထိရောက်စွာ အရေးယူနိုင်တဲ့ ဥပဒေကို ချမှတ်ရမှာဖြစ်တယ်။ သို့မှသာ မုဒိမ်းမှုများကို ထိရောက်စွာ တားဆီးကာကွယ်နိုင်မှာဖြစ်တယ်။

(Hlaing Township, Yangon)
နောက်တစ်ခုကတော့ သမီးမိန်းကလေးဆိုတာ အိမ်မှုကိစ္စနိုင်နင်းရမယ်။ ထမင်းဟင်းချက်တတ်ရမယ်။ အိမ်သန့်ရှင်းရေးတွေလည်း လုပ်တတ်ရမယ်။ ဒါတွေက သမီးမိန်းကလေးမှ မဟုတ်ပါဘူး။ သားယောကျာ်းလေးတွေကိုလည်း ဆုံးမသွန်သင်ရမယ့် စကားတွေပါ။ ဆိုလိုချင်တာက မိန်းကလေးဆိုပြီး ယောကျာ်းလေးတွေထက် ပိုပြီး ဖိနှိပ်ချုပ်ချယ်ရမှာ မဟုတ်ပါဘူး။ မိန်းကလေးတွေလည်း သူ့နေရာနဲ့သူ အရေးပါ အရာရောက်ပြီး သူ့အခွင့်အရေးနဲ့ သူရှိပါတယ်။
By: Mya Yun Hlwar
