Summary
Both teenagers and older adults in Myanmar widely use Facebook which is one of the most popular social media. Facebook let people worldwide communicate with each other and share knowledge even though they are apart. However, most of the users especially teenagers use Facebook for chatting and posting random statuses and pictures, wasting their precious time just for random fun. If they use it for gaining knowledge, searching for colleges to pursue a higher education and sharing news, Facebook is a useful social media for personal growth, creating work-life balance. Many of the users are so addicted to it that they get nervous problems, the health problem leads to the lack of work-life balance.

မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်အရွယ်လေးတွေသာမက လူလတ်ပိုင်းတွေမှာ ရေပန်းစားနေတဲ့ နာမည်ကြီး လူမှုမီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုခ်ကို သူတို့တွေ ဘယ်လောက် စွဲစွဲလမ်းလမ်း အသုံးပြုနေကြသလဲ။ ပြီးတော့ နောက်ဆက်တွဲရလဒ်တွေက ဘာပါလဲ။ ဖေ့စ်ဘုတ်ခ်ကို အကျိုးရှိရှိသုံးမှာလား (သို့) ကျန်းမာရေး ထိခိုက်ကာ အလုပ်အကိုင်ပျက်သည်ထိ သုံးမှာလား (သို့) အချိန်ဖြုန်းခြင်းသက်သက်လား။ ဖေ့စ်ဘုတ်ခ်ကို အကျိုးရှိရှိ အသုံးမချဘဲ ချက်တင်ထိုင်မယ်၊ မိမိအတွက်လည်း အကျိုးမရှိ၊ သူတစ်ပါးအတွက်လည်း အကျိုးမရှိတဲ့ ပို့စ်တွေ တင်မယ်၊ မျှဝေမယ်ဆိုရင်တော့ ဒါဟာ အချိန်ဖြုန်းခြင်းသက်သက်ဖြစ်ပါတယ်။ သို့သော် စစ်မှန်တဲ့၊ အဖိုးတန်တဲ့ ဗဟုသုတတွေ၊ သတင်းတွေ၊ ကောင်းမွန်တဲ့ အဆက်အသွယ်တွေကို ရရှိစေတဲ့ ပို့စ်တွေတင်မယ်၊ မျှဝေမယ်ဆိုရင်တော့ ဖေ့စ်ဘုခ်ကို ပိုက်ဆံကုန်ခံ အချိန်ကုန်ခံရကျိုးနပ်ပါတယ်။
ဖေ့စ်ဘုခ်ကို စတင်တည်ထောင်သူ မက်ခ် ဇက်ကာဘက်ကတော့ ဖေ့စ်ဘုခ်ကို လူမှုကွန်ယက်မှာ ရှိနေတဲ့ အချက်အလက်များ စုဆောင်းရာနေရာလို့ မြင်ပါတယ်လို့ ပြောထားပါတယ်။ အချို့သော ပညာရှင်များက ဖေ့စ်ဘုခ်ကို ကောင်းကျိုးအနေနဲ့ အသုံးပြုမယ်ဆိုရင် ဖေ့စ်ဘုခ်ဟာ လူတွေရဲ့ သမိုင်းကြောင်းတွေကို အချိန်အလိုက် သိမ်းထားနိုင်ပြီး နောက်နှစ်ပေါင်းများစွာတိုင်အောင်လည်း ဝင်ကြည့်လို့ရနိုင်တဲ့ အရာတစ်ခုလို့ ပြောကြပါတယ်။ တစ်ဖက်မှာတော့ မြန်မာနိုင်ငံက
လူငယ်တော်တော်များများကတော့ ဖေ့စ်ဘုခ်ပေါ်မှာ နေ့စဉ် စတေ့တပ်စ်တွေ၊ ဓာတ်ပုံတွေကို အမျိုးမျိုး တင်ပြီး ငွေကုန်ခံ၊ အချိန်ကုန်ခံလေ့ရှိကြပါတယ်။ ဓာတ်ပုံတွေတင်ရင်း၊ ကွန်မန့်တွေပေးရင်းနဲ့ စာလုပ်ရမည့် အချိန်တွေကို ဖဲ့ယူပြီး ၄င်းတို့ရဲ့ အချိန်ကို ကုန်ဆုံးလေ့ရှိကြပါတယ်။ အိမ်စာတွေ၊ စာမေးပွဲတွေ ရှိနေပါရက်နဲ့ ဖေ့စ်ဘုခ်ကို ပိုအလေးထားကာ အသုံးပြုနေသော လူငယ်တော်တော်များများ မြန်မာနိုင်ငံမှာ ရှိပါတယ်။ အချို့ကလည်း ဖေ့စ်ဘုခ် သုံးချင်ဇောဖြင့် အိမ်စာတွေ ကျောင်းစာတွေကို ပေါ့ပေါ့ဆဆလုပ်ပြီး ပစ်ထားတတ်ကြပါတယ်။ အကျိုးဆက်ကတော့ ဆိုးရွားတဲ့ အမှတ်တွေကို ရရှိခြင်းဘဲ ဖြစ်ပါတယ်။

(Using too much Facebook just for fun)

References
Adams, Stephen. “Facebook ‘increases teenage drugs and alcohol abuse’.” The Telegraph.
www.telegraph.co.uk, 24 Aug. 2011. Web. 13 Jul. 2016. <http://www.telegraph.co.uk/health/healthnews/8720309/Facebook-increases-teenage-drugs-and-alcohol-abuse.html>.
Lee, Dave. “Facebook unveils social search tools for users.” BBC NEWS TECHNOLOGY.
www.bbc.co.uk, 15 Jan. 2013. Web. 13 Jul. 2016.
<http://www.bbc.co.uk/news/technology-21032506>.
“Positive effects of Social Networking Websites.” oneindianews. news.oneindia.in, 9 Aug. 2011.
Web. 13 Jul. 2016. <http://news.oneindia.in/2011/08/09/tech-negative-positive-
effects-of-facebook-part-2.html>.
By: Mya Yun Hlwar
