မြန်မာ တောင်သူလယ်သမားများအတွက် အလုပ်နှင့် မိသားစုကြား သင့်တင့် မျှတသော ဘဝ ပျော်ရွှင်မှုကို ပေးနိုင်သော တောင်ယာ လယ်လုပ် ထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်း
Summary
Nowadays, it is common for rural Burmese women with low literacy level to work in cities as domestic workers or nannies. An alternative for them to work for others is to own micro-business such as selling salads from the house. Such livelihood option provides more time flexibility to enable work-life balance as they can make money from the home base without having to leave their families to go afar for many years. They can also give more time to nurture their children and take care of elderly parents.

Caption: A Burmese woman is selling salads
ယနေ့ခေတ်အခါတွင် ကျေးလက်နေ မြန်မာအမျိုးသမီး အများစုဟာ ပညာတတ်မြောက်အောင် သင်ကြားခွင့် မရှိသဖြင့် မြို့သို့တက်၍ အိမ်ဖော်၊ ကလေးထိန်းစသည့်အလုပ်များဖြင့် သူတစ်ပါးမိသားစု လက်အောက်တွင် အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်းကို တွေ့မြင်နေရပါတယ်။ ထိုသို့ သူတစ်ပါးလက်အောက်တွင် အဆူခံ၊ အငေါက်ခံ ဘဝဖြင့် ဆက်လက် အသက်မွေးဝမ်းကျောင်းပြုနေမည့်အစား မြန်မာအမျိုးသမီးများ အနေဖြင့် အနည်းဆုံး နေ့စဉ်ပုံမှန် ကိုယ်ပိုင်ဝင်ငွေ ဝင်စေသော လုပ်ငန်းတစ်ခု လုပ်ကိုင်နေသင့်သည်။ ထိုသို့ ကိုယ်ပိုင်ဝင်ငွေ ဝင်စေသော လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့်သာ မိမိ မိသားစု၏ နေ့စဉ် အိမ်သုံးစရိတ်ကို တစ်ဖက်တစ်လမ်းက အနည်းဆုံး ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာ အမျိုးသမီးများအနေဖြင့် မိမိအိမ်နှင့် မခွဲမခွာ နေ့စဉ် ပုံမှန်ဝင်ငွေကို ဝင်စေသော အသုပ်ဆိုင်ဖွင့်၍ အသုပ်ရောင်းခြင်း လုပ်ငန်းကို လုပ်ကိုင်သင့်ကြောင်း အကြံပြုချင်ပါတယ်။ ထိုလုပ်ငန်းဟာ အသေးစား လုပ်ငန်းဖြစ်သော်လည်း ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အပြင် လက်ရှိအခြေအနေအရ အလုပ်အကိုင် မရှိသေးသော မြန်မာ အမျိုးသမီးများအတွက် များစွာ အကျိုးရှိလှပါတယ်။ ထို့အပြင် မြန်မာ အမျိုးသမီးများ မိမိတို့ တတ်ကျွမ်းသော ချက်ပြုတ်နည်းဖြင့် အကျိုးရှိစွာ ဝင်ငွေ ရှာသင့်ပါတယ်။
(၁) အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတသော ဘဝပျော်ရွှင်မှု ပေးနိုင်သော အလုပ်အကိုင်များထဲမှ တစ်ခုဖြစ်သည့် အသုပ်ဆိုင်ဖွင့်ခြင်းရဲ့ အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေလဲ။
အားနည်းချက်များ –
(က) အခြား အလုပ်အကိုင်များကဲ့သို့ ဝင်ငွေ အများအပြား မပေးနိုင်ခြင်း။
(ခ) အသေးစားလုပ်ငန်းဖြစ်သဖြင့် အခြားသော အကြီးစားလုပ်ငန်းများကဲ့သို့ ထင်ပေါ်ကျော်ကြားမှု မရှိခြင်း။
အားသာချက်များ –
(က) မိမိ မိသားစု၊ အိုးအိမ်နှင့် မခွဲမခွာနေ၍ နေ့စဉ် ပုံမှန် ဝင်ငွေရှာနိုင်ခြင်း။
(ခ) မိမိ မိသားစုအတွက် အချိန်ပိုမိုပေးစွမ်းနိုင်ခြင်းနှင့် အထူးသဖြင့် မိမိအိမ်တွင် ကလေးငယ်နှင့် သက်ကြီး ရွယ်အို ရှိပါက ၎င်းတို့အား စောင့်ရှောက်ရန် အချိန်ပိုပေးနိုင်ခြင်း။
(ဂ) မိမိ၏ အသေးစားကိုယ်ပိုင်လုပ်ငန်းဖြစ်သောကြောင့် သူတစ်ပါး၏ လက်အောက်တွင် အလုပ်လုပ်စရာမလိုဘဲ မိမိသာလျှင် လုပ်ငန်းရှင် ဖြစ်နေခြင်း တို့ ဖြစ်ကြပါတယ်။
(၂) အသုပ်ရောင်းခြင်းဖြင့် မိမိအတွက် မည်သို့သော တက်လမ်းများကို ပေးနိုင်သလဲ။
အသုပ်ရောင်းခြင်းဖြင့် ဈေးဝယ်သူ ဖောက်သည်များ စတင် ရှိလာခြင်းနှင့် ဖောက်သည်များ တစ်နေ့တစ်ခြား များပြားလာသည်နှင့်အမျှ အသုပ်ဆိုင်ဖွင့်ခြင်းမှတစ်ဆင့် ထပ်တိုး၍ စီးပွားရှာနိုင်သည့် အခြားသော တွဲဖက်လုပ်ငန်းများ ဖြစ်သည့် ထမင်းဆိုင်ဖွင့်ခြင်း၊ စားသောက်ဆိုင်ဖွင့်ခြင်း၊ လ္ဘက်ရည်ဆိုင်ဖွင့်ခြင်း စသည့် ကိုယ်ပိုင်ဝင်ငွေများ ပိုမိုပေးနိုင်သည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ပါတယ်။ ထို့ကြောင့် အသုပ်ဆိုင်ဖွင့်ခြင်းက အစ စားသောက်ဆိုင်ဖွင့်ခြင်း အဆုံးကို ပေးစွမ်းနိုင်သည့် စီးပွားရေးတက်လမ်းများကို အသုပ်ဆိုင်ဖွင့်ခြင်းဖြင့် လမ်းစရှာတွေ့နိုင်ပါတယ်။
(၃) အသုပ်ရောင်းခြင်းဟာ အလုပ်နှင့် မိသားစုကြား မည်သို့ သင့်တင့်မျှတမှုကို ပေးနိုင်လဲ။
မြန်မာ အမျိုးသမီးများဟာ မိမိ၏ ခင်ပွန်းသည်ရဲ့ လစာကို စောင့်စားနေမည့် အစား “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဟူသော ဆောင်ပုဒ်နှင့် အညီ အသုပ်ရောင်း၍ စီးပွားရှာခြင်းဟာ အလကားဟသ မဖြစ်စေဘဲ တစ်ဖက်တစ်လမ်းက စီးပွားရှာနိုင်ပါတယ်။ များသောအားဖြင့် မနက်ပိုင်းတွင် ဆိုင်ဖွင့်တဲ့အတွက် မိသားစုနှင့်ကောင်းစွာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါတယ်။ နေ့လည်နှင့် ညနေခင်းတွင် မိသားစုအတွက်လည်း အချိန်လုံလောက်စွာ ပေးစွမ်းနိုင်ပါတယ်။ အိမ်ရှင်မကောင်း ပီသစေသော အချက်အပြုတ်ပိုင်းဆိုင်ရာ အရည်အချင်းများကိုလည်း အသုပ်ရောင်းခြင်းဖြင့် တိုးတက်စေနိုင်ပါတယ်။ လူမှု ဆက်ဆံရေးနယ်ပယ်တွင်လည်း လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ပိုမို ပြေပြစ်မှု ကိုပေးစွမ်းနိုင်ပါတယ်။ ထို့ကြောင့် ပညာတတ်မြောက်ခွင့် မရရှိသော၊ အလုပ်လက်မဲ့ဖြစ်နေသော ကျေးလက်နေ မြန်မာ အမျိုးသမီးများအတွက် အသုပ်ဆိုင်ဖွင့်၍ စီးပွားရှာခြင်းဟာ အလုပ်နှင့် မိသားစုကြား သင့်တင့်သော ဘဝ ပျော်ရွှင်မှု ကို ပေးစွမ်းနိုင်ကြောင်းကို လေးစားစွာဖြင့် အကြံပြုလိုက်ပါတယ်။
By: Su Su Aung
