မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်နှင့် မိသားစုကြား သင့်တင့်မျှတပြီး သာယာတဲ့ဘဝကို ပေးစွမ်းနိုင်သော အထည်ရောင်းခြင်း လုပ်ငန်း
Summary
Burmese work in different types of jobs while some operate privately owned businesses. It is especially liberating if one operates a business one has high interest in due to one’s hobby, affiliation or gender. Operating fashion shops gives the balance between work and family life for women as they can spend time with their families while working at home. While working at home, they can solve the family and household problems easily due to their presence at home. As such, they can manage their struggles with family burden and work responsibilities.

Caption: Operating a fashion shop (only for women) at home
မြန်မာနိုင်ငံရှိ မြန်မာလူမျိုး ရာခိုင်နှုန်း အများစုဟာ မိမိတို့၏ မိဘလက်ငုတ် အမွေအနှစ် လုပ်ငန်းများ ဖြစ်သော လုပ်ငန်းအများစုကိုသာ ဆက်လက်လုပ်ကိုင်ကာ စီးပွားရှာကြတာကို များသောအားဖြင့် တွေု့မြင်နေရပါတယ်။ မိမိတို့၏ မိဘ လက်ထက်ကတည်းက စတင် လုပ်ကိုင်လာသော လုပ်ငန်းများ ဖြစ်သောကြောင့် လုပ်ငန်းသဘောအရ ကျွမ်းကျင်မှု ပိုများတာကိုလည်းတွေ့မြင်နိုင်ပါတယ်။ထိုသို့သော လုပ်ငန်းများဟာ အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတသော ဘဝပျော်ရွှင်မှုပေးနိုင်သော လုပ်ငန်းများ ရှိသလို အချို့သော လုပ်ငန်းများဟာ အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတမှု မပေးနိုင်တာတွေလည်း ရှိပါတယ်။ ထိုသို့ မိဘများ၏ အမွေအနှစ်လုပ်ငန်းများထဲမှ အလုပ်နှင့်မိသားစုကြား သင့်တင့်မျှတသော ဘဝပျော်ရွှင်မှု ပေးနိုင်သော လုပ်ငန်း တစ်ခုဖြစ်သည့် အိမ်တွင် အထည်ဆိုင်ဖွင့်၍ ဝင်ငွေရှာခြင်းအကြောင်းကို တင်ပြပါရစေ။
အိမ်တွင် အထည်ဆိုင်ဖွင့်၍ စီးပွားရှာခြင်းဟာ အလုပ်နှင့် မိသားစုကြား ဘဝပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။ မိမိ၏ နေအိမ်တွင် အထည်ဆိုင်ဖွင့်ထားသည့်အတွက် မိမိ၏ မိသားစုနှင့် ခွဲခွာ၍ အလုပ်လုပ်စရာမလိုဘဲ မိသားစုနှင့်အတူ ပျော်ရွှင်စွာနေထိုင်နိုင်ပါတယ်။ အထည်ရောင်းခြင်း လုပ်ငန်းဟာ မိသားစု၏ တစ်နေ့တာ ကုန်ကျစရိတ်ကို ထောက်ပံ့ပေးရုံသာမက အပို ဝင်ငွေများကိုပါ ရစေသဖြင့် မိသားစု စီးပွားရေးကို အဆင်ပြေစေပါတယ်။ ထိုသို့ မိသားစု၏ စီးပွားရေးကို ပြေလည်စေသဖြင့် စီးပွားရေးအတွက် စိတ်ပူပန်နေစရာမလိုဘဲ မိမိတို့ လတ်တလော ရင်ဆိုင်ဖြေရှင်းနေရသော ဘဝ အမောများကိုပါ ပြေပျောက်စေပါတယ်။

Caption: Operating a fashion shop (only for men) at home
အိမ်တွင် အထည်ဆိုင်ဖွင့်၍ စီးပွားရှာရခြင်းဖြင့် အခြားသော အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်ပါတယ်။ အထည်ရောင်းခြင်း တစ်ဖက်ဖြင့် ဝယ်သူ မလာသေးသည့် အချိန်တွင် အခြား အိမ်မှု ကိစ္စများကိုလည်း လုပ်ဆောင်နိုင်ခြင်း၊ အထည်ဆိုင်ဖွင့်ခြင်းလုပ်ငန်းကို လုပ်ကိုင်သော နှစ်လ အချိန်ကြာလာသည်နှင့်အမျှ အထည်နှင့်ပတ်သက်၍ မိမိ သိထားသင့်သော လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်များကို မိမိ အနေဖြင့် ကျွမ်းကျင်စွာသိနေခြင်း၊ မိမိ၏ ဆိုင်သို့ လာရောက် အားပေးသော ဝယ်သူများနှင့်လည်း ပိုမို ရင်းနှီးမှု ရရှိကာ ဆက်ဆံရေး ပိုမို ပြေပြစ်လာနိုင်ခြင်း နှင့် မိမိ၏ အထည်ဆိုင်တွင် ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ရောင်းချပါက အထည်ဆိုင်ဖွင့်နေသည့် ကာလတစ်လျှောက်တွင် ဝယ်သူ ဖောက်သည်များ ပိုမို တိုးပွားလာနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ထို့အပြင် အထည်ဆိုင်ဖွင့်ခြင်းလုပ်ငန်းသည် ကိုယ်ပိုင် အသေးစား လုပ်ငန်း ဖြစ်သောကြောင့် တစ်မိသားစုလုံး၏ စီးပွားရေးကို မိမိကိုယ်တိုင်ဦးဆောင်နေရပါက ဦးဆောင်နိုင်မှု စွမ်းရည်ကြောင့် မိမိကိုယ်တိုင်ပင် ယုံကြည်မှု အပြည့်အဝ ရှိလာစေနိုင်ပါတယ်။ ထို့နည်းတူ အလုပ်နှင့် မိသားစု တာဝန်များကိုလည်း သေချာ နည်းစနစ်ကျနစွာ စီမံခန့်ခွဲနိုင်ပြီး အလုပ်နင့် မိသားစု ပြဿနာ အခက်အခဲများကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်ပါတယ်။ အိမ်တွင် အထည်ဆိုင်ဖွင့်သည့် လုပ်ငန်းကို လုပ်ကိုင်ခြင်းဖြင့်လည်း အခက်အခဲအချို့နှင့် ကြုံတွေ့နိုင်ပါတယ်။ နေ့စဉ်နှင့်အမျှ အိမ်တွင် အထိုင် အထည်ရောင်းရသောကြောင့် ကျန်းမာရေး လိုအပ်ချက်အရ အခြား အလုပ်အကိုင်များကဲ့သို့ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းနှင့် အထည်ရောင်းခြင်းလုပ်ငန်းသည် အထည်ဝယ်သူများအပေါ်တွင် မူတည်သောကြောင့် တစ်နေ့နဲ့ တစ်နေ့ ဝင်ငွေပမာဏသည် ပုံမှန် မရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နိုင်ပါတယ်။
အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတသော ဘဝပျော်ရွှင်မှုဟာ အထူးလိုအပ်လှပါတယ်။ အဘယ်ကြောင့်ဆိုသော် လူသားတိုင်းရဲ့ ဘဝဟာ ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှသာ လူဖြစ်ရကျိုးနပ်ပါတယ်။ အထည်ဆိုင်ဖွင့်၍ စီးပွားရှာခြင်း လုပ်ငန်းကဲ့သို့ တစ်ဖက်တွင် လုပ်ငန်းလုပ်ကိုင်ခြင်းအတွက် အချိန်ကို အသုံးချသည့်အပြင် အခြားတစ်ဖက်တွင်လည်း မိသားစု စုံစုံလင်လင်နဲ့ အတူနေထိုင်ပြီး အချိန်ကို မိသားစုနှင့်အတူ အကျိုးရှိစွာ အသုံးချသင့်ပါတယ်။ သို့မှသာ မိသားစုရဲ့ ပျော်ရွှင်မှု အရသာကို ပြည့်ပြည့်ဝဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် လူတိုင်းဟာ မိမိတို့ ဘဝမှာ အရေးကြီးသောအရာနှစ်ခု ဖြစ်သည့် အလုပ်နှင့် မိသားစုအတွက် အချိန်အသုံးပြုခြင်းတွင် အလုပ်အကိုင်တစ်ခုတည်းအတွက်သာ အချိန်ကို အသုံးချခြင်း မပြုလုပ်ဘဲ မိသားစုပျော်ရွှင်မှု အတွက်ပါ အချိန်ကို မျှတစွာ အသုံးချသင့်ကြောင်း အကြံပြုပါလိုက်ရပါတယ်။
By: Su Su Aung
