The Lack of Work-Life Balance for Burmese Primary School Teachers in Rural Areas

မြန်မာနိုင်ငံ ကျေးလက်ဒေသတွင် တာဝန်ထမ်းဆောင်နေသော မူလတန်းပြ ဆရာ၊ ဆရာမလေးများ၏ အလုပ်နှင့် မိသားစုဘဝကို သင့်တင့်မျှတမှု မပေးနိုင်သော သင်ကြားရေးနှင့် မိသားစုရေးဆိုင်ရာကြား ကြုံတွေ့နေရသော အခက်အခဲပြဿနာများ

The Lack of Work-Life Balance for Burmese Primary School Teachers in Rural Areas

Summary

In rural areas of Myanmar, most Burmese primary school teachers are facing work-life imbalance between their teaching life and family life. When they start the teaching career, they have to teach in primary schools in rural areas which are far away from their families and hometowns. Most teachers cannot go back home once a week even though they really need to spend time with families as they are stressed from teaching.

(၁) ဘယ်အရာတွေက ကျောင်းဆရာ၊ ဆရာမများကို အလုပ်နဲ့ မိသားစုကြား သင့်တင့်မျှတမှု မရှိခြင်းကို ဖြစ်စေတာလဲ။

ကျောင်းဆရာ၊ ဆရာမ အလုပ်အကိုင်များဟာ ယနေ့ခေတ် အခါမှာ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများအတွက်  အလုပ်ရပိုင်ခွင့်ကို ပိုမိုပေးဆောင်နိုင်ပေမယ့် ကျောင်းဆရာ၊ ကျောင်းဆရာမ အဖြစ် စတင် တာဝန်ထမ်းဆောင်ရာမှာ ကျောင်းဆရာ၊ ဆရာမ အများစုဟာ အခြေခံပညာ မူလတန်းအဆင့်က စတင်ပြီး သင်ကြားပို့ချ ကြရပါတယ်။ တာဝန်စတင် ထမ်းဆောင်ချိန်မှာ ပညာရေးအရ ဖွံ့ ဖြိုးတိုးတက်မှု မရှိသေးသော၊ မိမိနေထိုင်ရာ နေရာဒေသနဲ့ ဝေးကွာတဲ့ ကျေးလက်ဒေသတွေမှာသာ တာဝန်ကျတာ များကြပါတယ်။ ထို့အတွက်ကြောင့် မိမိတို့ နေထိုင်ရာ နေရာဒေသ၊ မိသားစုတွေနဲ့ ခွဲခွာပြီး တစ်ခြား နေရာဒေသဖြစ်တဲ့ ကျေးလက်ရှိ အခြေခံပညာမူလတန်းကျောင်းတွေမှာ ပညာသင်ကြားပို့ချရပါတယ်။  မိမိရဲ့ မိသားစုနဲ့ ဝေးကွာပြီး အလုပ်လုပ်ကိုင်နေရခြင်းဟာ အလုပ်နဲ့ မိသားစုကြား သင့်တင့်မျှတမှုကို မရှိစေပါ။

 

(၂) ဘယ်လိုမျိုး အခြေအနေတွေကြောင့် ကျောင်းဆရာ၊ဆရာမများ အနေနဲ့ အလုပ်နဲ့ မိသားစုကြား သင့်တင့်မျှတမှု မရှိခြင်းကို ရင်ဆိုင်နေကြရတာလဲ။

မိမိရဲ့ မိသားစုနဲ့ ဝေးကွာနေတဲ့အတွက် မူလတန်းပြ ဆရာ၊ ဆရာမ အများစုဟာ မိသားစုအတွက် အချိန်မပေးနိုင်ကြပါဘူး။  မိမိ မိသားစုနဲ့ ခွဲခွာပြီး နေကြရတဲ့အတွက် မိသားစုရဲ့ နွေးထွေးမှု ကို မရရှိကြတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။  ထို့အပြင် ကျောင်းဆရာ၊ ကျောင်းဆရာမ အများစုဟာ တာဝန်ကျရာ ဒေသမှာ စာပေသင်ကြားမှု တစ်ခုတည်းကိုပဲ အာရုံစိုက် လုပ်ကိုင်ရတဲ့အတွက် အလုပ်နှင့်ပတ်သက်တဲ့ စိတ်ဖိစီးမှုဒဏ်တွေကို  အလူးအလဲ ခံစားနေကြရပါတယ်။ ထို့အပြင် အခြားသော လူမှုရေးရာကိစ္စများနဲ့ ဆက်နွယ်သော ပြဿနာများကြောင့်လည်း စိတ်ဖိစီးနေကြရပါတယ်။  အလုပ်အတွက် ဖိစီးနေတဲ့ စိတ်၊ လူမှုရေး ပြဿများကြောင့် ဖိစီးနေသော စိတ်ကို ဖြေဖျောက်ဖို့ရာ ကုစားနိုင်တဲ့အချက်များထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့  မိမိရဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်မှု၊ မိသားစုရဲ့ နွေးထွေးကြင်နာမှုတွေကို မရရှိဘဲ ငတ်မွတ်နေကြရပါတယ်။

(၃) အလုပ်နဲ့ မိသားစုကြား သင့်တင်းမျှတမှု မရှိခြင်း ပြဿနာများကို ဘယ်လို ဖြေရှင်းသင့်သလဲ။

မိမိရဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်မှု၊ မိသားစုရဲ့ နွေးထွေးကြင်နာမှု စသည်တို့ဟာ လူ့သားတိုင်းရဲ့ ဘဝအတွက် အရေးကြီးတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒ့ါကြောင့် ဘယ်အလုပ်အကိုင်ကိုပဲ လုပ်ကိုင်နေပါစေ မိမိရဲ့ လုပ်ငန်းနဲ့ မိသားစု နှစ်ခုစလုံးကို သင့်တင့်မျှတစွာ အချိန်ပေးနိုင်ဖို့ အင်မတန်မှ အရေးကြီးလှပါတယ်။ အလုပ်တစ်ခုတည်းကို အလွန်အမင်း လုပ်ကိုင်ပြီး မိမိ မိသားစုကိုလုံးဝ လျစ်လျူရှုခြင်း (သို့မဟုတ်) မိသားစုကိုပဲ အလွန်အမင်း အချိန်ပေးပြီး အလုပ်အကိုင်ကို လျစ်လျူရှုခြင်း စသည်တို့ဟာ အလုပ်နဲ့ မိသားစု ကြား သင့်တင့်မျှတတဲ့ လိုအပ်မှုကို မပေးစွမ်းနိုင်ဘူးဆိုတာကို လေးစားစွာ အကြံပြုပါရစေ။

 

By: Su Su Aung