ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှု – အစားအစာနှင့် အသီးအရွက်တွေရဲ့ မျိုးစေ့ကို အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ခြင်းနှင့် လျှစ်စစ်အင်အားသုံး ကုန်းလမ်းသွားယာ
Summary
Throughout the decades, people around the world have been utilizing the idea of sustainable development in environmental, social and economic fields. Genetically engineered foods and electric vehicles are successful innovations to fulfill people’s needs. Genetically modified crops which can grow faster and resistant to pests can end starvation in a developing country like Myanmar. Electric vehicles can also improve work-life balance among Myanmar youths to reduce commuting time to and forth home and workplace. It can also help the country decrease spending a lot of money on oil and gas for vehicles and reduce traffic jams.
ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဆိုတဲ့ မူရင်း စိတ်ကူးကို နော်ဝေးဝန်ကြီးချုပ် Gro Brundtland က ရရှိခဲ့တာဖြစ်ပြီး သူက “အနာဂတ်မှ မျိုးဆက်သစ်တွေရဲ့ လိုအပ်ချက်အတွက် စိတ်ပူစရာမလိုဘဲ၊ ညှိနှိုင်းစရာမလိုဘဲ ယနေ့ခေတ် မျိုးဆက်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု” လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ကမ္ဘာ့ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့ကော်မရှင် (ဘရန့်ထ်လန်းဒ် ကော်မရှင်) ကတော့ ၁၉၈၇ခုနှစ်မှာ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ခိုင်မာတဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ကူညီခြင်းဖြင့် လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဘဲ ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာဘဲ ထိုအစီရင်ခံစာက ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်တွေရဲ့ အရေးကြီးမှုကိုလည်း မီးမောင်းထိုးပြသွားခဲ့ပါတယ်။

Source: stocklogos.com
ဆယ်စုနှစ်ကာလ တစ်လျှောက်လုံးလုံး လူတွေက ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ လူနေမှုမြင့်မားမှု နှင့် စီးပွားရေးတိုးတက်မှုတို့ လုပ်ဆောင်ရာတွင် ထိုထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ စိတ်ကူးကို အသုံးပြုနေကြဆဲဖြစ်ပါတယ်။ အချို့သော လေ့လာတွေ့ရှိချက်တွေအရ အစားအစာအသီးအရွက်တွေရဲ့ မျိုးစေ့ကို အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ခြင်းတွေနဲ့ လျှပ်စစ်အင်အားသုံး ကားတွေဟာ လူတွေရဲ့ ဘဝအဆင့်အတန်းမြင့်မားစေခြင်းဖြင့် တာရှည်အတွက် ထိန်းထားနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုဖြစ်ပါတယ်။
စာရေးဆရာ Kolehmainen က အကျိုးအမြတ်များကို မကြည့်ခင် သတိပြုချက် – အစားအစာနှင့် အသီးအရွက်တွေရဲ့ မျိုးစေ့ကို အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ခြင်းတွေနဲ့ ပတ်သက်ပြီး စဉ်းစားစရာအကျဉ်းချုပ် အချက်အလက်များ လို့ခေါ်တဲ့ ဆောင်းပါးတစ်ခုမှာ ရေးထားတာကတော့ အဲ့ဒီ အစားအစာအသီးအရွက်တွေရဲ့ မျိုးစေ့ကို အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ခြင်းဟာ လူတွေရဲ့ ဘဝကို ပိုမိုလွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။ အချို့သော ပညာရှင်တွေက အစားအစာအသီးအရွက်တွေရဲ့ မျိုးစေ့ကို အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ခြင်းဟာ ယခုလက်ရှိ ကမ္ဘာမှာ ဖြစ်နေတဲ့ ငတ်မွတ်ခေါင်းပါးခြင်းကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ္ပံပညာရှင်တွေက ပိုမိုကောင်းမွန်ပြီး ပေါများတဲ့ အစားအစာတွေကို ထုတ်လုပ်နိုင်တာကြောင့်ဘဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၁၉၇၀ ခုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အစိမ်းရောင်တော်လှန်ရေးကတည်းက ဇီဝနည်းပညာ ထုတ်လုပ်ရေးက ငတ်မွတ်ခေါင်းပါးခြင်းကို လျှော့ချဖို့ သုတေသနများ ပြုလုပ်ခဲ့ကြတယ်။ သုတေသနပညာရှင်များက ဇီဝနည်းပညာ ထုတ်လုပ်ရေးကနေ ရွှေဆန် လို့ခေါ်တဲ့ ဗီတာမင် အေ ပါဝင်တဲ့ ဆန်ကို ထုတ်လုပ်ဖို့ သုတေသနတွေ ပြုလုပ်ခဲ့ကြတယ်။ အဲ့ဒီဆန်က ဆင်းရဲတဲ့ နိုင်ငံတွေမှာရှိတဲ့ သေဆုံးမှုတွေ၊ ရောဂါတွေ နဲ့ ဗီတာမင်အေ ချို့တဲ့မှုတွေကို ခံစားနေရတဲ့ လူတွေကို ကူညီနိုင်မှာ ဖြစ်တယ်။

Source: allowgoldenricenow.org
မြန်မာနိုင်ငံ မြို့ပြများရှိ အချို့သော အခြေအနေမဲ့ လူတန်းစားတွေမှာ အစားအစာမလုံလောက်မှုများ ရှိနေသည်။ တခါတရံ မိုးများသော ကာလများတွင် မုန်တိုင်းကြောင့် ကောက်ပဲသီးနှံများ ပျက်စီးတတ်သည်။ ထိုအခါ အချို့သော နေရာများတွင် အစာရေစာ မလုံလောက်မှုများ ဖြစ်ပေါ်တတ်သည်။ ထိုပြသနာကို ဖြေရှင်းရန် နိုင်ငံတကာ အကူအညီဖြင့် အစားအစာအသီးအရွက်တွေရဲ့ မျိုးစေ့ကို အဆင့်မြင့် နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ခြင်းကိုလည်း ပြုလုပ်သင့်သည်။ သို့မှသာ ဆင်းရဲသော လူတန်းစားများအတွက် ၄င်းတို့ ဘဝလေး လုံခြုံမှာ ဖြစ်သည်။
လျှပ်စစ်အင်အားသုံး ကုန်းလမ်းသွားယာဉ်များသည် လူတွေရဲ့ နေ့စဉ် သွားလာလှုပ်ရှားမှုတွေကို ပိုမို လွယ်ကူစေရန်နှင့် လေထု ညစ်ညမ်းခြင်းကို လျှော့ချရန်အတွက် မရှိမဖြစ် လိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါသည်။ စာရေးဆရာ Mathews က သူ့ရဲ့ ဆောင်းပါးထဲမှာ ရေးထားတာကတော့ အမေရိကားနိုင်ငံက ကားထုတ်လုပ်သူတွေဟာ စွမ်းအင်ကို ချွေတာဖို့ (EVs) လို့ခေါ်တဲ့ လျှစ်စစ်အင်အားသုံး ကုန်းလမ်းသွားယာဉ်တွေကို ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဈေးကြီးတဲ့ လောင်စာဆီ၊ ဓာတ်ဆီတွေကို ချွေတာဖို့ လျှစ်စစ်စွမ်းအင်သုံး ကုန်းလမ်းသွားယာဉ်များကို မြန်မာပြည်လို ဖွံ့ဖြိုးကာစ နိုင်ငံမှာ တဖြည်းဖြည်းချင်း စတင်လာဖို့ လိုအပ်ပါတယ်

မြန်မာနိုင်ငံတွင် ကားများ ပေါများလာသည်နှင့်အမျှ ရုံးသွားရုံးလာ ပြည်သူပြည်သားများအဖို့ လမ်းပိတ်ခြင်း၊ ကားကြပ်ခြင်းများလည်း နေ့စဉ်နှင့်အမျှ နာရီပေါင်းများစွာ လမ်းပေါ်တွင်သာ အချိန်ကုန်ဆုံးကြရသည်။ လခအနည်းငယ်သာ ရရှိသော အချို့သော လခစား အလုပ်သမားတွေအဖို့ အလုပ်သို့ သွားရန်အတွက် မနက်အစောကြီးထပြီး အလုပ်မှ အိမ်သို့ ပြန်လျှင်လည်း ကားကြပ်သောကြောင့် ပင်ပန်းနွမ်းနယ်မှုများဖြင့် မိသားစုနှင့် ကုန်ဆုံးရမည့် အချိန်များကို လမ်းပေါ်၌သာ ကုန်ဆုံးသွားလေ့ရှိကြသည်။ ထို့ကြောင့် ပင်ပန်းနွမ်းနယ်ပြီး အလုပ်နှင့် ဘဝ မျှတနေထိုင်မှု မရှိတော့ဘဲ ဖြစ်ကြရသည်။ ထိုပြသနာကို ဖြေရှင်းရန် တက္ကစီများကို အများအပြား အသုံးပြုမည့်အစား အကုန်အကျ ပိုမိုသက်သာတဲ့ လျှစ်စစ်စွမ်းအင်သုံး ကားများ၊ မြေအောက်ရထားများ၊ မိုးပျံရထားများကို အသုံးပြုမည်ဆိုပါက လူတွေအတွက် အချိန်နှောင့်နှေးကြန့်ကြာမှုကို လျှော့ချနိုင်မည်သာမက လောင်စာဆီ ဓာတ်ဆီတို့ကိုလည်း ချွေတာရာရောက်ပေမည်။
References
Kolehmainen, Sophia. “Precution before Profits: An Overview or Issues in Genetically
Engineered Food and Crops.” Council for Responsible Genetics. 2013, n.d. Web.
08 Nov. 2013.
Matthews, Richard. “US Automotive Industry: Efficient Vehicles and Sustainability
Initiatives.” Green Conduct News. 2007-2013 Green Conduct, 07 Sept. 2013.
Web. 10 Nov. 2013.
“Sustainable Development – Concept and Action.” UNECE. UNECE, n.d. Web. 09 Nov.
2013.
By: Mya Yun Hlwar
