Summary
Developed countries giving aid to poor nations can improve the economic conditions. Rather than giving direct aids such as providing foods, materials and money to developing countries, sharing education and technologies is the best assistance. Developing countries with overpopulations cannot feed their citizens especially the poor. Direct aid to poor countries will not help people to learn how to work and feed themselves. This is especially so for developing countries with unstable and dwindling natural resources like water and land. When prices of goods like foods go up, there will be more hunger and famines especially among the poor.

(Poor people in a town queuing for food)
Source: www.mmbiztoday.com
ဖွံ့ဖြိုးပြီးသားနိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တိုက်ရိုက် အကူအညီတွေ မပေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲတဲ့နိုင်ငံတွေက လူဦးရေ ထူထပ်ပြီး ပညာမတတ်တဲ့သူတွေ များနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲ့ဒီလို အကူအညီတွေ ပေးမယ်ဆိုရင် ဖွံ့ဖြိုးပြီးသားနိုင်ငံတွေသာမက ဆင်းရဲတဲ့နိုင်ငံတွေကိုသာ အခက်အခဲတွေ့စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေက ပြည်သူပြည်သားတွေကို ပညာတတ်မြောက်စေခြင်း နှင့် နည်းပညာတွေကို မျှဝေခြင်းဖြင့် အကူအညီပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
အကယ်လို့ ဆင်းရဲတဲ့ နိုင်ငံတွေက ပြည်သူပြည်သားတွေကို အစားအသောက်တွေ၊ ပစ္စည်းဥစ္စာတွေနဲ့ ပိုက်ဆံတွေကို တိုက်ရိုက်လှူဒါန်းမယ်ဆိုရင် အဲ့ဒါတွေက သူတို့အတွက် တစ်ခဏတာ ဖြည့်ဆည်းပေးမှုတွေဘဲ ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်းကျရင် ဆင်းရဲတဲ့နိုင်ငံမှ တစ်ယောက်ယောက်က အကူအညီနဲ့ အစားအစာတွေ လိုအပ်တဲ့ အခါတိုင်း သူတို့ကို ထောက်ပံ့ပေးနေတဲ့ ချမ်းသာတဲ့နိုင်ငံမှ အဖွဲ့အစည်းဆီကို ခဏခဏ သွားရောက် အကူအညီတောင်းခံနေမှာ ဖြစ်ပြီး သူတို့ဟာ သူတို့ နိုင်ငံတိုးတက်ဖို့နဲ့ ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာကို ဘယ်တော့မှ သင်ယူဖြစ်တော့မှာ မဟုတ်ပါ။ နောက်ပြီးတော့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ လူဦးရေ တဖြည်းဖြည်း များပြားလာမှုကြောင့် ထိုထောက်ပံ့နေကျ အဖွဲ့အစည်းတွေမှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့ ဆင်းရဲတဲ့ နိုင်ငံသားတွေကိုယ်တိုင်လည်း ဒုက္ခရောက်ကြရမှာဖြစ်တယ်။

Source: www.ibtimes.com
သဘာဝသယံဇာတတွေနဲ့ မွေးဖွားလာတဲ့လူဦးရေတွေမှ သုံးစွဲမှုနှုန်း မမျှတပါကလည်း မိမိနိုင်ငံကို ဒုက္ခရောက်စေမှာ ဖြစ်ပါတယ်။ အကျိုးရလဒ်အနေနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်ပြီး တစ်နိုင်ငံလုံး အထူးသဖြင့် ဆင်းရဲတဲ့ လူတန်းစားတွေအဖို့ စားဝတ်နေရေး ဒုက္ခရောက်ကြမှာ ဖြစ်ပါတယ်။ ထိုအခါ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး တောင်းရမ်းစားသောက်သူ၊ သူတောင်းစားများ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကာကွယ်ဖို့အတွက် နိုင်ငံတကာမှ အကူအညီကို ရယူရာမှာ တိုက်ရိုက်အကူအညီကို ရယူမည့်အစား ပညာတတ်များ ခေါ်ယူပြီး မိမိတို့ နိုင်ငံသားတွေကို ပညာတတ်မြောက်အောင် သင်ကြားစေခြင်းဖြင့် ပညာတတ်များကို မွေးမြူရမှာဖြစ်ပါတယ်။ ပညာတတ်များမှ တဆင့် မိမိတို့နိုင်ငံကို တိုးတက်အောင် စွမ်းဆောင်နိုင်မှာဖြစ်ပြီး နည်းပညာအသစ်အဆန်းများကို ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှ မျှဝေဖြင်းဖြင့်လည်း မိမိတို့နိုင်ငံကို ကမ္ဘာ့အဆင့်မီ ရင်ဘောင်တန်းနိုင်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Source: rebelmedia.wordpress.com
ထို့ကြောင့် လူဦးရေ များပြားမှုကြောင့် ဖြစ်ပေါ်လာသော ငတ်မွတ်ခေါင်းပါးကာ တောင်းစားရခြင်းကို လျှော့ချရန်နှင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာတတ်များ ပေါ်ပေါက်လာစေရန် နိုင်ငံတကာမှ အကူအညီများဖြစ်ကြသော ပညာတတ်မြောက်စေခြင်းနှင့် နည်းပညာများကို မျှဝေခြင်းများသည်သာ အကောင်းဆုံးသော အကူအညီများဖြစ်ကြပါတယ်။
By: Mya Yun Hlwar
