မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်နှင့် မိသားစုကြား သင့်တင့်မျှတပြီး သာယာတဲ့ဘဝကို ပေးစွမ်းနိုင်သော ဆံပင်၊ မိတ်ကပ် အလှပညာနှင့် သက်ဆိုင်သော လုပ်ငန်းများ
Summary
Nowadays, many Burmese women operate beauty parlors at home, earning daily income for their families. They have work-life balance as they can find money during the day and they can spend their time with their families at night time. Moreover, operating beauty parlors at home encourage women to get empowerment and become independent leaders who can make own money for the whole family.

Caption: Burmese women are operating beauty parlors
၁။ မိမိတို့ နေအိမ်များတွင် ဆံပင်နှင့် မိတ်ကပ် အလှပြင်ဆိုင်ဖွင့်ခြင်းဟာ မြန်မာအမျိုးသမီးများအတွက် ဘယ်လို အလုပ်နှင့်မိသားစုကြား သင့်တင့် မျှတသော ဘဝ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သလဲ။
မြန်မာအမျိုးသမီး အများစုဟာ ဆံပင်နင့် မိတ်ကပ် အလှပြင်ဆိုင်များကို များသောအားဖြင့် မိမိ၏ နေအိမ်တွင်သာ ဖွင့်လှစ် ထားခြင်းကြောင့် မိသားစုနှင့် ခွဲခွာ၍ လုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေရှာစရာ မလိုပဲ မိမိ၏ နေအိမ်တွင်သာ မိမိ၏ မိသားစုအတွက် နေ့စဉ်ပုံမှန်ဝင်ငွေ ရှာနိုင်ပါတယ်။ ဝင်ငွေ အသင့်အတင့် ကောင်းမွန်သော လုပ်ငန်းဖြစ်သောကြောင့် မိမိတစ်မိသားစုလုံးအတွက် နေ့စဉ် သုံးစရိတ်ကို ကောင်းစွာ ထောက်ပံ့နိုင်ပါတယ်။ ထို့အပြင် မိမိ၏ဆိုင်တွင် နေ့ဘက်တွင် အလုပ်ရှုပ်နိုင်သော်လည်း အနည်းဆုံး ညဘက်တွင် မိမိ၏ မိသားစုအတွက် အချိန်ပေးနိုင်ပါတယ်။ ထို့ကြောင့် နေ့တစ်နေ့တွင် နေ့ဘက်၌ အလုပ်လုပ်၍ ဝင်ငွေရှာပြီး ညဘက်တွင် မိသားစုနှင့်အတူ အချိန်ကို ပျော်ရွှင်စွာ အသုံးချခြင်းဖြင့် အလုပ်နှင့် မိသားစုကြားတွင် သဟဇာတ ဖြစ်စေပါတယ်။
၂။ မြန်မာ အမျိုးသမီးများအတွက် ဆံပင်၊ မိတ်ကပ် အလှပြင်ဆိုင်များဖွင့်ခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုးတွေနှင့် ဆိုးကျိုးတွေက ဘာတွေလဲ။
ကောင်းကျိုးများ။ ။
(က) မြန်မာ အမျိုးသမီးများ အတွက် များစွာ အကျိုးပြုသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်နေခြင်း။
(ခ) နေပူထဲတွင် အလုပ်လုပ်နေစရာ မလိုပဲ သက်တောင့်သက်သာဖြင့် နေရိပ်ထဲတွင်သာ မိမိတတ်ကျွမ်းသော ပညာဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ခြင်း။
(ဂ) သူတစ်ပါး စိတ်အလိုကျအတိုင်း လှပအောင် ဖန်တီးပေးနေရသည့်အတွက် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသော လုပ်ငန်း ဖြစ်နေခြင်း။
ဆိုးကျိုးများ။ ။
(က) ဆံပင်၊ မိတ်ကပ်များနှင့် သက်ဆိုင်သော ဓာတုဗေဒ ပေါင်းဆေး၊ ဆိုးဆေး စသည်များကို နေ့စဉ်နှင့်အမျှ ကိုင်တွယ်နေရခြင်း၊ ရှူရှိုက်နေမိခြင်းကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုး ရှိခြင်း။
(ခ) နေ့စဉ်နှင့်အမျှ မတ်တပ်ရပ်၍ အလှပြင်ပေးနေရသောကြောင့် အညောင်းမိနေခြင်းနှင့် အခြားသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နိုင်ခြင်း။
၃။ အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတမှုသော ဘဝ ပျော်ရွှင်မှု ပေးနိုင်သော အလုပ်များ မပျောက်ကွယ်အောင် ဘယ်လိုမျိုး ဆက်လက် ထိန်းသိမ်းသင့်ပါသလဲ။
လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဝင်ငွေ တစ်ခုတည်းအတွက် အချိန်ပေးနိုင်ခြင်းကို မကြည့်ဘဲ မိမိ၏ မိသားစုအတွက် အချိန်ပေးနိုင်ခြင်း ရှိ၊ မရှိကိုပါ ထည့်သွင်းစဉ်းစားစေလိုခြင်း။ မိမိ၏ ပတ်ဝန်းကျင်ရှိ အသိမိတ်ဆွေများအားလည်း အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတသော ပျော်ရွှင်မှု ပေးနိုင်သော အလုပ်များကိုသာ ရွေးချယ် လုပ်ကိုင်ရန် မိမိ၏ အကြံဥာဏ်ကောင်းများကို လက်ဆင့်ကမ်း မျှဝေခြင်း။ ထိုသို့ အဆင့်ဆင့် မိမိ အကြံဥာဏ်များကို လက်ဆင့်ကမ်း မျှဝေခြင်းဖြင့် အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတသော ဘဝ ပျော်ရွှင်မှု ပေးနိုင်သော အလုပ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတမှုကိုပေးနိုင်သော လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာနိုင်ကြောင်း အကြံပြု ပါရစေ။
By: Su Su Aung
