မြန်မာ တောင်သူလယ်သမားများအတွက် အလုပ်နှင့် မိသားစုကြား သင့်တင့် မျှတသော ဘဝ ပျော်ရွှင်မှုကို ပေးနိုင်သော တောင်ယာ လယ်လုပ် ထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်း
Summary
In Myanmar, agriculture plays an important part in the economy. Two-thirds of Burmese are peasants who mainly grow rice and other crops annually. Planting and harvesting tasks under the sun are tiring work for the peasants but such agriculture work give happiness and fulfillment to peasant families as they can spend time with their family members. Therefore, planting and harvesting is one of the greatest ways to balance work and life.

Caption: A Burmese peasant is cultivating crops
မြန်မာနိုင်ငံတွင် နေထိုင်သော လူဦးရေ၏ သုံးပုံ နှစ်ပုံခန့်ဟာ တောင်ယာ လယ်လုပ် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ မြန်မာလူမျိုးတို့ နေ့စဉ် အဓိက စားသုံးသော ဆန်နှင့် အခြားသော စားသုံးသီးနှံများ ကို ထုတ်လုပ်ပေးသော သီးနှံပင်များကို စိုက်ပျိုးသော တောင်သူဦးကြီးများကို ကျေးဇူးရှင်ကြီးများဟု မြန်မာလူမျိုးများ ရှေးကစ၍ အစဉ် အဆက် သတ်မှတ်ခဲ့ကြပါတယ်။ ထို့ကြောင့် တောင်ယာ၊ လယ်ယာများတွင် သီးနှံများ ထွန်ယက် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခြင်းဟာ မြန်မာ လူမျိုးအားလုံးအတွက် အကျိုး အထူးပြုသော လုပ်ငန်းတစ်ရပ် ဖြစ်ပေတယ်။ ထို့အပြင် တောင်ယာ လယ်လုပ် ထွန်ယက်စိုက်ပျိုးခြင်းဟာ မြန်မာလူမျိုးများ၏ အစားအစာအတွက် များစွာ အထောက်အကူ ပြုနိုင်သည် သာမက မြန်မာလူမျိုးများ အတွက် အလုပ်နှင့် မိသားစုကြား သင့်တင့် မျှတသော ဘဝ ပျော်ရွှင်မှု ကိုလည်း ပေးစွမ်းနိုင်သော လုပ်ငန်းဖြစ်တယ်။

Caption: Burmese peasants weeding a rice field
ဘယ်အလုပ်ကိစ္စမဆို ကောင်းကျိုးနှင့်ဆိုးကျိုးသည် အမြဲဒွန်တွဲနေသောကြောင့် တောင်ယာ၊ လယ်လုပ် စိုက်ပျိုးခြင်းတွင်လည်း ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိပါတယ်။ တောင်သူ လယ်သမားများ တောင်ယာ လယ်လုပ်ခြင်းဖြင့် အောက်ပါ ကောင်းကျိုးများ ရရှိနိုင်တယ်။
(က) တောင်ယာလုပ်ငန်းသည် ကိုယ်ပိုင်လုပ်ငန်းဖြစ်ခြင်း
(ခ) မိမိ လယ်ယာမှ သီးနှံများ ထွက်သောကြောင့် ငွေကုန်ကျမှုသက်သာစွာဖြင့် လယ်ယာထွက် သီးနှံများကို စားသုံးနိုင်ခြင်း တို့ ဖြစ်တယ်။
တောင်သူလယ်သမားများ လယ်ယာများ ထွန်ယက် စိုက်ပျိုးခြင်းဖြင့် အောက်ပါ ဆိုးကျိုးများရရှိနိုင်ပါတယ်။
(ဂ) တောင်ယာ စိုက်ပျိုးခြင်း လုပ်ငန်းဟာ နေပူ၊ မိုးရွာမရှောင် ပင်ပန်းစွာ လုပ်ကိုင်ရခြင်း။
(ဃ) သီးနှံ ထွက်နှုန်းဟာ ရာသီဥတု ပေါ်မှာ မူတည်နေခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းနှင့် ကြုံပါက သီးနှံ အထွက်နှုန်း လျော့ကျခြင်း
(င) တောင်ယာ လယ်ယာများတွင် သီးနှံများ ထွန်ယက် စိုက်ပျိုးရာတွင် လူအင်အား ငွေအင်အားများစွာလိုအပ်ခြင်း တို့ ဖြစ်တယ်။
(၂) တောင်ယာ၊ လယ်လုပ် ထွန်ယက်စိုက်ပျိုးခြင်းဟာ အလုပ်နှင့် မိသားစုကြား သင့်တင့်သော ဘဝ ပျော်ရွှင်မှုကို ဘယ်လို ပေးစွမ်းနိုင်သလဲ။
တောင်သူ လယ်သမား အများစုဟာ တောင်ယာ လယ်လုပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်ရာတွင် လယ်ယာမြေများသို့ သွားရောက်၍ မနက်ပိုင်းတွင်သာ အများဆုံး လုပ်ကိုင်ကြပြီး မွန်းတည့်ချိန်တွင် မိသားစု ရှိရာ အိမ်သို့ ပြန်လည် အနားယူကြတယ်။ နေ့စဉ်နှင့်အမျှ တောင်ယာ မြေများတွင် သွားရောက်လုပ်ကိုင်နေရသော်လည်း နေ့တစ်နေ့တွင် မနက်ပိုင်းတွင်သာ အလုပ်ကို လုပ်၍ နေ့ခင်းပိုင်းတွင် မိသားစုနှင့် အတူ အချိန်ကို တန်ဖိုးရှိစွာ အသုံးချကြပါတယ်။ ထို့ကြောင့် အလုပ်နဲ့ မိသားစုကြား တွင် သင့်တင့်သော ဘဝ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ အလုပ်မှာ တောင်ယာ၊ လယ်လုပ် ထွန်ယက် စိုက်ပျိုးခြင်းဖြစ်တယ်။
(၃) တောင်ယာ၊ လယ်လုပ် ထွန်ယက် စိုက်ပျိုးခြင်းဖြင့် အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတသော ဘဝပျော်ရွှင်မှုကို ဘယ်လို ဆက်လက် ထိန်းသိမ်းသွားသင့်သလဲ။
အလုပ်အကိုင်ဟာ လူသားတိုင်းအတွက် မရှိမဖြစ် လိုအပ်သလို မိသားစုဟာလည်း လူသားတို့ဘဝအတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ ထို့ကြောင့် အလုပ်နှင့် မိသားစုအတွက် အချိန်အသုံးချခြင်းဟာ သဟဇာတ ဖြစ်ဖို့ အထူးလိုအပ်လှပါသည်။ တောင်ယာ၊ လယ်လုပ် ထွန်ယက်ခြင်းဟာ ဘဝရဲ့ပင်ပန်းမှုကို ပေးစွမ်းနိုင်တဲ့ လုပ်ငန်းဟု ဆိုနိုင်သလို သမားရိုးကျ လုပ်ငန်းတစ်ခု ဖြစ်လို့ စိတ်ရဲ့ အေးချမ်းမှုကို ပေးစွမ်းနိုင်တယ် ဆိုလည်း မမှားပါဘူး။ ထို့ကြောင့် တောင်ယာ၊ လယ်လုပ် ထွန်ယက် စိုက်ပျိုးခြင်းဟာ အဖိုးတန်တဲ့ ဘဝ ပျော်ရွှင်မှုကို ပေးနိုင်တဲ့ လုပ်ငန်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်းကို ဖော်ပြလိုက်ပါတယ်။
By: Su Su Aung
