Operating a Restaurant Provides Work -Life Balance in Myanmar
Summary
It is common for Burmese to eat meals cooked outside of the home as we work in job sites outside of the home. We usually go to restaurants to buy food such as rice and curry. Restaurant businesses are booming as the economy is doing better. Therefore, Burmese who operate restaurants can support the daily expense for the whole family through such livelihood options. Restaurant owners mostly operate their restaurants at their homes. As such, they can give enough time to their families while managing their restaurants at the same time.

မြန်မာနိုင်ငံတွင် ဖွင့်ထားသော ထမင်းဆိုင်ပုံ
Source: http://www.globaltravelmate.com/asia/myanmar/bagan/bagan-restaurants/2037-golden-myanmar-restaurant.html
မြန်မာနိုင်ငံရှိ မြန်မာလူမျိုး အများစုတို့သည် နေ့စဉ်နှင့်အမျှ တစ်မိသားစုလုံး လုပ်ငန်းခွင်တွင် အလုပ်များလုပ်ကိုင်နေရသောကြောင့် မိသားစုတိုင်း များသောအားဖြင့် ကိုယ်တိုင် အိမ်တွင် ထမင်း၊ဟင်း ချက်ပြုတ် စားသောက်ချိန် မရကြပေ။ ထို့ကြောင့် နီးစပ်ရာ ထမင်းဆိုင်များတွင် ထမင်းနှင့်ဟင်းကို ချိုင့်ဆွဲစားခြင်း သို့မဟုတ် ထမင်းဆိုင်တွင်ပင် လစဉ်အလိုက်ပေး၍ နေ့စဉ် မိမိဝမ်းစာများအတွက် အဆင်ပြေသောနည်းဖြင့် ဖြေရှင်းနေကြတာကို တွေု့မြင်ရပါတယ်။ ထို့အပြင် မြန်မာနိုင်ငံတွင် တက္ကသိုလ်ရှိသော နယ်မြို့များတွင် မြန်မာလူမျိုးအများစုတို့သည် ထမင်းဆိုင်ဖွင့်၍ စီးပွားရှာတာကို တွေ့မြင်ရမှာဖြစ်ပြီး ထမင်းဆိုင်ဖွင့်ထားသော ဆိုင်ပိုင်ရှင်အများစုတို့သည် မိမိတို့ မိသားစု၏ နေ့စဉ် ကုန်ကျစရိတ်များကို လုံလောက်စွာ ထောက်ပံ့နိုင်ပြီး စီးပွားရေးလုပ်ငန်းအရ အခြား လုပ်ငန်းများထက် ဝင်ငွေ အမြောက်အမြား ပိုမိုဝင်သည်ကိုလည်း တွေ့ရှိရပါတယ်။ အဘယ်ကြောင့်ဆိုသော် အထူးသဖြင့် တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ အများစုတို့သည် အခြားသော နီးစပ်ရာ နယ်မြို့များမှ တက္ကသိုလ်ရှိသော မြို့များတွင် လာရောက် ပညာသင်ယူနေသူများ ဖြစ်ကြပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် အဆောင်များတွင် ချက်ပြုတ်စားသောက်ခြင်းမရှိဘဲ မိမိတို့အတွက် အစားအစာ အလွယ်တကူ ရရှိနိုင်ပြီး အချိန်ကုန် သက်သာကာ အရသာကောင်းမွန်သော ထမင်းဆိုင်များတွင်သာ ဝယ်ယူ စားသောက်နေကြသောကြောင့် ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ထမင်းနှင့်ဟင်းလျာပုံ
Source: http://www.menupix.com/saintlouis/c/92/Burmese-Restaurants/
ထမင်းဆိုင်ဖွင့်၍ စီးပွားရှာခြင်းသည် မိမိတို့အိမ်တွင် ထမင်းဆိုင်ဖွင့်ထားသောကြောင့် မိသားစုနှင့် ခွဲခွာပြီး နယ်ခြားမြေခြားများသို့ စီးပွားထွက်ရှာရန် မလိုခြင်း၊ မိသားစုဝင်များနှင့် စုံစုံလင်လင် အတူတကွ နေထိုင်နိုင်ခြင်း၊ မနက်မှ စပြီး ညပိုင်းအထိ ထမင်းဆိုင်ဖွင့်ထားသော်လည်း များသောအားဖြင့် ထမင်းဆိုင်ပိုင်ရှင်များသည် ထမင်း၊ ဟင်းချက်အကူများကို ခေါ်၍ လစာပေးခြင်းဖြင့် လုပ်ငန်း လုပ်ကိုင်စေသောကြောင့် ဆိုင်ပိုင်ရှင်များအနေဖြင့် အလုပ်အတွက် တစ်နေကုန် အချိန်ပေးစရာ မလိုဘဲ မိမိ အားလပ်သည့် အချိန်များတွင် မိမိ၏ မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင်နေနိုင်ခြင်း၊ ထို့အပြင် မိမိဆိုင်မှ ချက်ပြုတ်သည့် အရသာဖွယ်ဖွယ်ရာရာ ရှိသော ထမင်း၊ဟင်းများကို နေ့တိုင်းလိုလို စားနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ ထို့အပြင် မိမိ မိသားစုအတွက် ထမင်း၊ဟင်းကို သီးသန့် ချက်ပြုတ်စရာ မလိုသောကြောင့် အချိန်ကုန် သက်သာရုံသာမက လူကို ပင်ပန်းစေခြင်းကို လည်း သက်သာစေပါတယ်
ထမင်းဆိုင်ဖွင့်၍ စီးပွားရှာခြင်းသည် ဆိုင်ပိုင်ရှင်များ၏ မိသားစုများအတွက် အချိန်ကုန် လူပင်ပန်း သက်သာစေရုံသာမက အခြား မိသားစုများအတွက်လည်း အချိန်ကုန် လူပင်ပန်း သက်သာစေပါတယ်။ ထို့အပြင် အချိန်တိုအတွင်း၌ မိမိ စားချင်သော အရသာ ကောင်းမွန်သော ဟင်းလျာများကိုလည်း အလွယ်တကူ မှာယူ စားသုံးနိုင်ပါတယ်။ ထို့အပြင် စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်နေသော ထမင်း၊ဟင်းချက်ပြုတ်ရန်အတွက် အချိန်မပေးနိုင်သော တစ်ကိုယ်ရည် တစ်ကာယ လူပျိုကြီး၊ အပျိုကြီးများအတွက်လည်း ထမင်းဆိုင်တွင် လပေးဖြင့်စားခြင်း သို့မဟုတ် ထမင်းချိုင့်ဆွဲစားခြင်းဖြင့် မိမိတို့၏ လုပ်ငန်းတွင် ပိုမို အချိန်ပေးနိုင်ပါတယ်။
မြန်မာနိုင်ငံတွင် အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတမှုပေးနိုင်သော လုပ်ငန်းအကြီးစားများ ရှိသလို အလုပ်နှင့် မိသားစုကြား သင့်တင့်မှုပေးနိုင်သော ကိုယ်ပိုင်လုပ်ငန်း အသေးစားများလည်း ရှိပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအသေးစားများဟာ လုပ်ငန်းအကြီးစားများကဲ့သို့ ဝင်ငွေ အမြောက်အမြား မပေးစွမ်းနိုင်သော်လည်း နေ့စဉ် ပုံမှန် ဝင်ငွေ အဖြစ် ထိုက်သင့်သလောက် မိမိ မိသားစု စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနိုင်တာကို တွေ့ရပါတယ်။ ထို့ပြင် မိမိ မိသားစုနှင့်အတွက်လည်း တစ်ဖက်တစ်လမ်းက သင့်တင့်မျှတသော အချိန်ကို ပေးစွမ်းနိုင်ပါတယ်။ ထိုကဲ့သို့သော အလုပ်နှင့် မိသားစုအတွက် သင့်တင့်မျှတမှု ပေးနိုင်သော အလုပ်မှန်သမျှကို လုပ်ငန်းအမျိုးအစား ကြီးသည်၊ ငယ်သည် ပဒါန မထားပဲ မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းပြီး မိမိတို့ တက်နိုင်သမျှလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်ကြောင်းကို အကြံပြုလိုက်ရပါတယ်။
By: Su Su Aung
