Operating a Grocery Store Gives Balance between Work and Family Life for Burmese Women
Summary
It is common for Burmese women to open shops and sell goods at home. Such micro-entrepreneurship avenue can provide work-life balance to them as they can earn daily income while taking care of families. It also saves their money and time as they don’t need to travel to work to earn income. They can also do housework when the shops are not busy. The saved time from commuting can be given to their families. Moreover, their communication skills are improved through communication with different customers.

မြန်မာနိုင်ငံတွင် အိမ်၌ ဈေးဆိုင်တည်ခင်း ဈေးရောင်းသည့်ပုံ
မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင်သာမက မြို့ပြဒေသ နေရာအနှံ့အပြားတွင် နေထိုင်လျက်ရှိသော မြန်မာအမျိုးသမီး အများစုတို့သည် မိမိတို့ နေထိုင်ရာ နေအိမ်များတွင် ကုန်စုံဈေးဆိုင်များ တည်ခင်း၍ ကိုယ်ပိုင်စီးပွား ရှာသော အလုပ်အကိုင်များ လုပ်ကိုင်နေကြတာကို တွေ့မြင်ကြရပါတယ်။ ထိုကဲ့သို့ ကုန်စုံဆိုင်များ ဖွင့်၍ ဝင်ငွေရှာခြင်းဟာ မြန်မာအမျိုးသမီးများအတွက် သက်တောင့်သက်သာရှိသော အလုပ်အကိုင်များကို ပေးစွမ်းနိုင်ရုံသာမက မိမိမိသားစုဝင်များအတွက်လည်း သင့်တင့်မျှတသော အချိန်ကို ပေးစွမ်းနိုင်စေပါတယ်။
(၁) မြန်မာ အမျိုးသမီးများအတွက် မိမိတို့နေအိမ်များတွင် ဈေးဆိုင်များတည်ခင်း၍ ဈေးရောင်းခြင်းရဲ့ အားသာချက်တွေက ဘာတွေလဲ။
မြန်မာအမျိုးသမီးများအတွက် မိမိတို့နေအိမ်များတွင် ကုန်စုံဆိုင်များဖွင့်၍ ဝင်ငွေရှာခြင်းဟာ တခြားသော အလုပ်များကဲ့သို့ နေပူထဲတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်၍ ဝင်ငွေရှာရခြင်းထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မိမိတို့နေအိမ်တွင် ကုန်စုံဆိုင်ဖွင့်၍ စီးပွားရှာခြင်းဟာ နေရိပ်ထဲတွင် သက်တောင့်သက်သာ ဝင်ငွေရှာရသော အလုပ်အကိုင် ဖြစ်သည့်အပြင် တခြားနေရာများသို့ အလုပ်ကိစ္စအတွက် သွားရောက်နေစရာမလိုခြင်း၊ မိမိနေအိမ်တွင် ဈေးဆိုင်ဖွင့်ထားသည့်အတွက် ငွေကုန်သက်သာခြင်း အချိန်ကုန်သက်သာခြင်း စသည့် ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါတယ်။ ထို့အပြင် အလုပ်အကိုင်အများစုသည် ကိုယ်ပိုင် လုပ်ငန်းမဟုတ်ဘဲ မိမိတို့၏ အထက်တွင် ရာထူးကြီးငယ် အသွယ်သွယ်၏ လက်အောက်တွင်လုပ်ကိုင်ရသော အလုပ်များဖြစ်သော်လည်း ဈေးဆိုင်ဖွင့်၍ ဈေးရောင်းခြင်းဟာ ကိုယ်ပိုင်လုပ်ငန်းအသေးစားဖြစ်သည့်အပြင် မိမိသာလျှင် အလုပ်ရှင်ဖြစ်သည့် လုပ်ငန်းမျိုးဖြစ်သည်။
(၂) မိမိတို့နေအိမ်များတွင် ဈေးဆိုင်များတည်ခင်း၍ ဈေးရောင်းခြင်းဟာ မြန်မာ အမျိုးသမီးများအတွက် အလုပ်နဲ့ မိသားစုကြား ဘယ်လို သင့်တင့်မျှတမှုတွေကို ပေးစွမ်းနိုင်သလဲ။
မိမိတို့နေအိမ်များတွင် ဈေးဆိုင်များဖွင့်၍ ဈေးရောင်းခြင်းဖြင့် မြန်မာအမျိုးသမီးများအတွက် အလုပ်နဲ့မိသားစုကြား သင့်တင့်မျှတမှု ပေးနိုင်သောအချက်များ
(က) မိမိအိမ်တွင်ဈေးဆိုင်တည်ထားသည့်အတွက် ဈေးဝယ်သူများ မလာသည့် အားလပ်ချိန်များတွင် မိသားစုအတွက်အချိန် ပိုပေးနိုင်ခြင်း။
(ခ) မိမိ မိသားစုနဲ့ အချိန်ကြာမြင့်စွာ ခွဲခွာ၍ ဝေးကွာသော ရပ်ခြား မြေခြားဒေသများသို့ အလုပ်ကိစ္စအတွက် မသွားရခြင်း။
(ဂ) မိမိအိမ်တွင်ဈေးဆိုင်ဖွင့်ထားသည့်အတွက် အခြားသော အိမ်မှုကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း။
(ဃ) ဈေးဆိုင်ဖွင့်ထားသည့်အတွက် လူမှုဆက်ဆံရေးနယ်ပယ်တွင် ပိုမိုချောမောပြေပြစ်၍ လူချစ်လူခင် ပိုမိုများပြားလာခြင်း။
(င) အိမ်တွင် ဈေးဆိုင်တည်ခင်းထားခြင်းကြောင့် မိမိ မိသားစုအတွက် နေ့စဉ်နဲ့အမျှ ပုံမှန်ဝင်ငွေ ဝင်ခြင်း။
(၃) အလုပ်အကိုင်နှင့် မိသားစုရဲ့ ပျော်ရွှင်မှု မည်သို့ ဆက်စပ်ပုံနှင့် ၎င်းတို့အား သင့်တင့်မျှတသော အချိန်ပေးခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။
အလုပ်အကိုင်များဖြင့် ဝင်ငွေရှာခြင်း နဲ့ မိသားစုရဲ့ ပျော်ရွှင်မှုတို့ဟာ တစ်ခုနဲ့ တစ်ခု ကျိုးကြောင်း ဆက်စပ်နေကြပါတယ်။ မိမိရဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်မှု၊ မိသားစုရဲ့ နွေးထွေးကြင်နာမှု စသည်တို့ဟာ လူ့သားတိုင်းရဲ့ ဘဝအတွက် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်သလို ထိုသို့ မိသားစုနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် အလုပ်အကိုင်များ အဆင်ပြေချောမော အောင်မြင်ရန်လည်း လိုအပ်လှပါတယ်။ ထို့ကြောင့် ဘယ်အလုပ်အကိုင်ကိုပဲ လုပ်ကိုင်နေပါစေ မိမိရဲ့ လုပ်ငန်းနဲ့ မိသားစု နှစ်ခုစလုံးကို သင့်တင့်မျှတစွာ အချိန်ပေးနိုင်ဖို့ အထူး လိုအပ်လှပါတယ်။ ထိုကဲ့သို့ အလုပ်အကိုင်နဲ့ မိသားစုကြား သင့်တင့်မျှတစွာ အချိန်ပေးခြင်းဖြင့် သာယာသော မိသားစုဘဝများကို ပိုင်ဆိုင်နိုင်ပြီး မိသားစုဆိုသော စကားလုံး၏ ဝေါဟာရ အဓိပ္ပါယ်ကို ပိုမို လေးနက် ပြည့်စုံစေပါတယ်။
By: Su Su Aung
