မြန်မာနိုင်ငံတွင် မိုးရာသီအတွင်း အလုပ်နှင့် ဘဝ မျှတစွာ နေထိုင်မှု နည်းပါးခြင်း
Lack of Work-Life Balance during Rainy Season in Myanmar
Summary
Weather in Myanmar is mostly monsoon and rainy. During raining season, people face natural disasters such as flooding and land slides. Street food vendors and the public like those who sell newspapers and flowers on the road while vehicles stop at the traffic light, suffer from the rain. Staffs who work in companies and shopping centers also get wet in the rain while waiting for the bus or taxi. Slum dwellers do not have full protective houses and suffer from the leaking roofs. People who stay on the hills and mountains also face deadly danger from land slides during heavy rains. Therefore, they do not enjoy their life during raining season and they mentally suffer from being worried about dangers caused by the rain. A poor country like Myanmar should protect its people by drawing an effective plan for prevention of weather problems.

(Massive flood in Kalay city, Myanmar in 2015)
Source: www.voanews.com
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တည်ရှိသောကြောင့် မုတ်သုံ ရာသီဥတုကို အများဆုံး ကြုံတွေ့ရသော နိုင်ငံဖြစ်သဖြင့် မိုးရာသီရယ်လို့ ရောက်လာပြီဆိုရင် နေ့စဉ်နှင့် အမျှ ရုန်းကန်လှုပ်ရှားကာ သွားလာနေရသူအဖို့ အတော်လေးကို ခက်ခဲလှပါတယ်။ အမိုးအကာ မလုံဘဲ နေထိုင်ရသူတွေ၊ ရေကြီးရေလျှံတဲ့ မြစ်ကမ်းနဘေးနားမှာ နေထိုင်ရသူတွေ၊ ကုန်းနိမ့်ဒေသတွေမှာ ရေဝပ်နိုင်တဲ့ နေရာတွေမှာ နေထိုင်ရသူတွေ၊ အန္တရာယ် အချိန်မရွေးကျရောက်လာနိုင်တဲ့ တောင်ကုန်းပေါ်မှာ နေထိုင်ရတဲ့သူတွေ၊ မိုးရေထဲမှာ စားဝတ်နေရေး လုံးပမ်းနေရသူတွေအတွက် မိုးရာသီဟာ သူတို့ကို ဒုက္ခအပေးဆုံး အရာတစ်ခုဖြစ်တယ်။
ရုံးမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ အနေနဲ့ နေ့စဉ်ရုံးတက်ရုံးဆင်းတဲ့ အချိန် ဘတ်စ်ကားပေါ်တက်ခါနီး တက္ကစီပေါ်တက်ခါနီး မိုးရွာချလာပြီဆိုရင် ရုံးက စာရွက်စာတမ်းတွေ မိုးစိုမှာကို စိုးရိမ်ကြရတယ်။ မီးပွိုင့်တွင် ကားရပ်ရတဲ့အချိန်ကလေးမှာ သတင်းစာများ၊ မုန့်ပဲသရေစာများ၊ အရုပ်ကလေးများ နှင့် ပန်းကုံးလေးများ ကားလမ်းပေါ်မှာ အပြေးအလွှား ရောင်းချနေကြတဲ့ နေ့စား အလုပ်သမားတွေနဲ့ လမ်းဘေး ဈေးသည်များအနေနဲ့လည်း မိုးစိုခံကာ မိသားစုအတွက် ရှာဖွေစားသောက်ကြရတယ်။ မိုးကြီးရေလျှံတဲ့ ဒေသတွေမှာလည်း အိုးအိမ် အဝတ်အစားများ ဆုံးရှုံးကာ အိမ်ကို စွန့်ခွာပြီး ဆင်းရဲ ဒုက္ခတွေနဲ့ ကြုံတွေ့ကြရတယ်။ တောင်ကုန်းတောင်တန်း ဒေသတွေမှာ နေထိုင်တဲ့ သူတွေမှာလည်း မိုးများလျှင် အချိန်မရွေး မြေပြိုကျနိုင်သည့် အန္တရာယ်ကြောင့် အသက်အန္တရာယ်အတွက် စိတ်ပူပန်သောက ရောက်ကြရတယ်။ သဘာဝဘေးအန္တရာယ် ရာသီဥတုဆိုတာကလည်း တစ်ဦးတည်း အနေနဲ့ တားဆီးလို့မရတဲ့ အတွက်ကြောင့် မိမိကိုယ်ကို (သို့) မိမိတို့ရဲ့ မိသားစုကို ကြိုတင်ကာကွယ် စောင့်ရှောက်ရုံက လွဲပြီး ကျန်တာဘာမှ မတတ်နိုင်ေ

(Land slides in a mountainous village in Chin State of Myanmar in 2015)
Source: www.amarillo.com
မြန်မာနိုင်ငံကဲ့သို့သော ဆင်းရဲတဲ့ နိုင်ငံအဖို့ လမ်းပေါ်တွင် သွားလာ အလုပ်လုပ်ရတဲ့ သူတွေအဖို့ ဘယ်အချိန် မီးကြိုးပြတ်ကျကာ မိမိအသက်အန္တရာယ်ကို ထိခိုက်လာမည့် အရေးကိုလည်း စဉ်းစားတွေးပူရသေးသည်။ မိုးရွာလျှင် ရုံးသွားရန် ဝတ်ရမည့် အဝတ်အထည်များ မခြောက်မှာကို စိုးရိမ်ပူပန်မှုကလည်း ရှိသေးသည်။ ဤကဲ့သို့ အခြေအနေတွင် အလုပ်က ပင်ပန်းမှုကလည်း တစ်မျိုး၊ မိုးရွာသည့် အချိန်တွင် ကျရောက်လာမည့် အန္တရာယ်ကလည်း တစ်မျိုး၊ မိုးရွာသည့် အချိန်တွင် သွားလာရေး ခက်ခဲမှုကလည်း တစ်မျိုးဖြင့် အလုပ်လုပ်လျှင်လည်း မပျော်ရွှင်ကာ အလုပ်နှင့် ဘဝ မျှတစွာ နေထိုင်မှု မရှိကြတော့ပေ။

(A street food vendor struggling for her daily survival despite the flood)
Source: www.scmp.com
ထိုကဲ့သို့သော ပြသနာများကို ဖြေရှင်းရန် ဆည်မြောင်းများ ရှင်းလင်းခြင်း၊ လမ်းဘေး ဓာတ်တိုင်များရှိ ဓာတ်ကြိုးများအား ရှင်းလင်းစွာ ထားရှိခြင်း နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး ကာကွယ်ချက်များ ထုတ်ပြန်ခြင်း၊ မြို့ပြ လူနေမှု အဆင့်အတန်းများအား တိုးမြင့်ခြင်း စသဖြင့်တို့ကို ပြုလုပ်သင့်သည်။ သဘာဝဘေးအန္တရာယ်များကို တားဆီးလို့ မရနိုင်သော်လည်း ကြုံတွေ့ကျရောက်မှ ကူညီကယ်ဆယ်မှုများ ပြုလုပ်သည်ထက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်မှသာ လူ့အသက်နှင့် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုကို တားဆီးနိုင်မည်ဖြစ်သ
By: Mya Yun Hlwar
