How Tailoring, Knitting, Sewing and Crafts Can Provide Business Opportunities for Burmese Women in Rural Areas
Summary
Nowadays, most uneducated Burmese women in rural areas go to other countries at the borders and work as illegal domestic or factory workers. They do not have work-life balance as they are apart from their families for so many years, and often, losing connections with their families. Alternatively, these women can take on tailoring, knitting, sewings and crafts business to earn money by working at home in Myanmar.

Caption: Operating a tailoring shop can give work-life balance in Myanmar
ယနေ့ခေတ်အခါတွင် ကျေးလက်ရှိ ပညာတတ်မြောက်အောင် သင်ကြားနိုင်ခွင့်မရှိတဲ့ မြန်မာအမျိုးသမီးအများစုဟာ မိမိရဲ့ မိသားစု ဝမ်းစာ အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် အမိမြန်မာနိုင်ငံကနေ တခြား အိမ်နီးချင်းနိုင်ငံများကို တရားမဝင် သွားရောက်ပြီး အိမ်ဖော်၊ အလုပ်သမားဘဝအဖြစ်နဲ့သွားရောက်လုပ်ကိုင်နေကြတာက
ိုမြင်တွေ့နေရပါတယ်။တခြားနိုင်ငံတွေမှာအလုပ်သွားရောက်လုပ်ကိုင်နေရခြင်းဟာ မြန်မာအမျိုးသမီးများအတွက် အချိန်မရွေး အသက်အန္တရာယ် စိုးရိမ်ရသလို အလုပ်အကိုင်နဲ့ မိသားစုကြား သဟဇာတဖြစ်မှု၊ မဖြစ်မှု အရ ကြည့်လျှင် လုံးဝ သဟဇာတ ဖြစ်မှု မရှိတာကို တွေ့မြင်ရပါလိမ့်မယ်။ အသက်အန္တရာယ်အရ ပြောရမည်ဆိုပါက မြန်မာ အမျိုးသမီးပေါင်းများစွာဟာ မိမိတို့မိသားစု စားဝတ်နေရေးအတွက် ရှာဖွေရုန်းကန်ရင်း မိမိတို့ရဲ့ အရှက်နဲ့ သိက္ခာကို ထိခိုက်စေတဲ့ အိမ်ပိုင်ရှင်များ၊ အလုပ်ပိုင်ရှင်များနှင့် ဌင်း၏ မိသားစုဝင်များရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရခြင်း၊ မုဒိန်းကျင့်ခံရခြင်း၊ အသက်အန္တရာယ်ပြုခြင်းများကို ကြုံတွေ့နေကြရပါတယ်။ အလုပ်အကိုင်နဲ့ မိသားစုကြား သဟဇာတဖြစ်မှု ရှိ၊မရှိကို ကြည့်လျှင် မိမိရဲ့ မိသားစုနဲ့ နှစ်ပေါင်းများစွာ ခွဲခွာပြီး ပြည်ပြမှာ အလုပ်လုပ်ကိုင်နေကြရတဲ့အတွက် မိသားစုဝင်တွေရဲ့ နွေးထွေးမှုကို မရရှိကြသလို စိတ်ချမ်းသာမှုလည်း မရရှိကြပါဘူး။ လူသားတိုင်းရဲ့ဘဝမှာ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေး၊ မိသားစုသုခကို ပိုင်ဆိုင်နိုင်ဖို့အတွက် အနည်းဆုံး အလုပ်အကိုင်ဝင်ငွေ ရှိရန်လိုအပ်သလို မိမိရဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်မှု ရှိဖို့ရန်လည်း အထူး လိုအပ်ပါတယ်။ ထို့ကြောင့် မိမိ၏ မိသားစုနဲ့ အလုပ်အကိုင်ကြားမှာ သင့်တင့်မျှတမှု ရှိဖို့ဟာ မိမိ၏ အလုပ်အကိုင်ရွေးချယ်မှု အပေါ်မှာ လွန်စွာ ပဏာမကျ လှပါတယ်။ မြန်မာ အမျိုးသမီးလေးများအတွက် မိမိတို့ရဲ့ မိသားစုနဲ့ အလုပ်အကိုင်ကြား သဟဇာတဖြစ်ဖို့ စက်မှု လက်မှု အနုပညာဆိုင်ရာ နည်းလမ်းကောင်းအချို့ကို လမ်းညွှန်ပြချင်ပါတယ်။ ၎င်းတို့ကတော့ စက်ချုပ်လက်မှုပညာ၊ ဆံပင်နှင့် အလှပြင်ပညာ၊ သိုးမွေးထိုးပညာ စတဲ့ အလုပ်အကိုင်များဟာ မိသားစုနဲ့ အလုပ်ခွင်ကြားကောင်းမွန်တဲ့ သဟဇာတ ဖြစ်မှုကို ပေးစွမ်းနိုင်ပါတယ်။ မိမိရဲ့ နိုင်ငံအတွင်းမှာ လွတ်လပ်စွာ လုပ်ကိုင် စားသောက်နိုင်တဲ့အပြင် အသက်အန္တရာယ်လုံခြုံခြင်း၊ မိမိရဲ့ မိသားစုနဲ့ ပျော်ရွှင်ရန် အချိန်ပေးနိုင်ခြင်းနှင့် ဝါသနာပါလျှင် စိတ်ချမ်းသာမှုကိုပါ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တီထွင်ကြံဆမှု ပိုင်းဆိုင်ရာ စွမ်းရည်ကို တိုးတက်စေပါတယ်။ စက်ချုပ်လက်မှုပညာအတွက် ဥပမာအားဖြင့် ယခုခေတ်အခါမှာ မြန်မာ့ရိုးရာ ဝတ်စုံများ အထူးသဖြင့် အမျိုးသမီးရိုးရာဝတ်စုံတွေဟာ ခေတ်နဲ့အညီ တခေတ်ဆန်းပြားစွာ ထွက်ပေါ်နေပါတယ်။ ထိုကဲ့သို့ တခေတ်ဆန်းချိန်မှာ စက်မှုလက်မှု အနုပညာ အတတ်ပညာများ တွင် တီထွင်ကြံဆမှု ကောင်းတဲ့ အမျိုးသမီး ကောင်းများစွာ လိုအပ်နေတာ အမှန်ပင် ဖြစ်ပါတယ်။ ထို့ပြင် စက်ချုပ်ဆိုင် ပိုင်ရှင်များ သို့မဟုတ် စက်ချုပ် လက်မှုပညာ တတ်ကျွမ်းသူများကလည်း မိမိတို့ရဲ့ စက်ချုပ်လက်မှုပညာရပ်ဆိုင်ရာအရည်အချင်းအသိပညာများကို မိမိတို့ရဲ့ နောင်အနာဂတ် မျိုးဆက်သစ် အမျိုးသမီးငယ်များကို လက်ဆင့်ကမ်းခြင်းအားဖြင့် အမျိုးသမီးများ၏ဘဝ ကိုယ်ပိုင် ဝင်ငွေ ရရှိအောင် မြှင့်တင်ပေးနိုင်သလို မိသားစုနဲ့ အလုပ်အကိုင်ကြား သင့်တင့်စွာ အချိန်ကို အသုံးချပုံကို လမ်းပြပေးနိုင်မှာ ဖြစ်ပါတယ်။ ယနေ့တိုးတက်နေတဲ့ခေတ်ကြီးမှာ မိမိတို့ရဲ့ စက်ချုပ်လက်မှုပညာကို သင်တန်းများ တက်ရန်အခက်ခဲရှိတဲ့ သူများအတွက် အွန်လိုင်း၊ ဖေ့စ်ဘွတ် စာမျက်နှာများမှလည်း တဆင့်လွယ်ကူစွာ သင်ယူနိုင်ပါတယ်။ စက်ချုပ် လက်မှုပညာဟာ များသောအားဖြင့် မိမိ၏ နေအိမ်တွင် စက်ချုပ်ဆိုင် ဖွင့်ထားရတာ ဖြစ်တဲ့အတွက် မိမိရဲ့ မိသားစုနှင့် အတူတကွ နေထိုင်ခြင်းဖြင့် မြန်မာအမျိုးသမီးများ မိမိ၏ ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်ပါတယ်။

Caption: One Burmese girl is making money through tailoring
ဆံပင်နဲ့ အလှပြင်ပညာအရ ဥပမာအားဖြင့် ဖော်ပြရမည် ဆိုပါက ယခုခေတ်အခါတွင် ကမ္ဘာအနှံ့အပြား အထူးသဖြင့် အာရှနိုင်ငံများတွင် များသောအားဖြင့် အမျိုးသမီးများဟာ ဆံပင်နှင့် မျက်နှာ ခန္ဓာကိုယ် အလှအပ ထိန်းသိမ်းခြင်းတွေကို ပိုပြီး ဂရုတစိုက် စိတ်ဝင်စားနေကြတယ်။ ထိုသို့ စိတ်ဝင်စားခြင်းများဟာ အမျိုးသမီးများအတွက် ကိုယ်ပိုင်ဝင်ငွေ ရှာရန် အလုပ်အကိုင်များ ဖန်တီးပေးသလို ဖြစ်လာခဲ့တယ်။ မြန်မာနိုင်ငံတွင်လည်း များသောအားဖြင့် မြန်မာ အမျိုးသမီးများ ဖွင့်လှစ်ထားသော ဆံပင်နဲ့ အလှပြုပြင်ရေး ဆိုင်များစွာရှိနေပြီး ပညာမတတ်မြောက်သော မြန်မာအမျိုးသမီးငယ်များအား အလှပြုပြင်ရေးဆိုင်ရာ လက်တွေ့သင်တန်းများ ပို့ချနိုင်သည်။ အမျိုးသမီးငယ်များအနေဖြင့် သင်တန်းတက်ရောက်ပြီး မိမိရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလှပြင်ဆိုင်ဖွင့်၍ မိမိ ဝါသနာအရ ကိုယ်ပိုင် စီးပွားရေး ရှာနိုင်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအနေဖြင့် မိမိအတွက် အသက်အန္တရာယ် လုံခြုံ စိတ်ချမှု မပေးနိုင်သော မိမိ၏ မိသားစုနှင့် ဝေးကွာစေသော ပြည်ပ အလုပ်အကိုင်များကို လုပ်ရန် ရွေးချယ်မည့်အစား မိမိဘဝအတွက် စိတ်ချရပြီး မိမိရဲ့ မိသားစုနဲ့ မကြာခဏ ပြန်ဆုံစည်းစေနိုင်သော စက်မှု လက်မှု အနုပညာရပ်များဖြင့်ပြည်တွင်းတွင် အသက်ဝမ်းကျောင်း ပြုရန် လိုအပ်ကြောင်း အကြံပြုအပ်ပါတယ်။
By: Su Su Aung
