Summary
Burmese people who want to do business for the long term should consider the aspect of work-life balance when they choose a business option. Growing vegetables, flowers and fruits trees at home will reduce household food expenses as there is no need to buy vegetables and fruits from markets. Money can be made by selling extra vegetables, fruits and flowers from the home gardens. The family can spend time together by gardening as a family hobby.


Caption: A Burmese man is watering his garden
Source: https://www.icrc.org/fr/document/myanmar-dans-letat-de-kachin-des-personnes-deplacees-reprennent-leur-vie-en-main
ဥယျာဉ်ခြံစိုက်ပျိုးုခြင်း လုပ်ငန်းဟာ အသေးစား လယ်ယာလုပ်ငန်းဟု ခေါ်ဆိုနိုင်သော်လည်း လယ်ယာလုပ်ငန်းကဲ့သို့ နေပူစပ်ခါးတွင် အချိန်ပြည့် အလုပ်စရာ မလိုပါ။ လယ်ယာလုပ်ငန်းတွင် ကောက်ပဲ သီးနှံများကို စိုက်ပျိုးကြသော်လည်း ဥယျာဉ်ခြံမြေများတွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်ပင်ပန်းမန်များကို အဓိကထား စိုက်ပျိုးပါတယ်။ မြန်မာနိုင်ငံတွင် ဥယျာဉ်ခြံ စိုက်ပျိုးခြင်းဟာ များသောအားဖြင့် မိမိတို့ နေထိုင်ရာ အိမ်ဝန်းထဲတွင် စိုက်ပျိုးသောကြောင့် မိမိ မိသားစုနှင့် အိုးမခွာ အိမ်မခွာ နေနိုင်ပါတယ်။ အားလပ်ချိန်တွေမှာ မိမိရဲ့ မိသားစုအတွက်လည်း ကောင်းစွာ အချိန်ပေးနိုင်တဲ့အပြင် ခြံထွက် သီးနှံများနှင့် ပန်းများကို ရောင်းချခြင်းဖြင့် မိမိ၏မိသားစုအတွက်လည်း နေ့စဉ်ပုံမှန် ဝင်ငွေ ဝင်စေပါတယ်။ ထို့အပြင် မိမိတို့၏ မီးဖိုချောင်တွင် ချက်ပြုတ်စားသောက်ရန်အတွက် လိုအပ်သော ဟင်းသီးဟင်းရွက်များကို တကူးတက ဝယ်စားစရာ မလိုဘဲ လတ်ဆတ်ပြီး သန့်ရှင်းသော မိမိခြံထွက် ဟင်းသီးဟင်းရွက်များကိုသာ လတ်တလောချင်း ခူးယူ၍ ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ထို့ကြောင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းဟာ ”အိမ်နောက်ဖေးဈေးဆိုင်တည်” ဟူသော ဆိုရိုးစကားအတိုင်း မိမိအိမ်တွင် ခြံစိုက်ပျိုးခြင်းဖြင့် မီးဖိုချောင်စရိတ်ကို သက်သာစေရုံသာမက ခြံထွက်သီးနှံများကို ရောင်းချခြင်းဖြင့်လည်း စီးပွားရှာနိုင်ပါတယ်။
ဥယျာဉ်ခြံစိုက်ပျိုးခြင်းအားဖြင့်လည်း ဥယျာဉ်မှူးများ အနေဖြင့် အချို့သော အခက်အခဲများကို ကြုံတွေ့ကြရပါတယ်။ မိမိတို့ခြံထဲတွင် စိုက်ပျိုးထားသော အပင်ကလေးများ ပိုးမကျရန်အတွက် ဥယျာဉ်မှူးများဟာ နေ့စဉ်နှင့်အမျှ အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်နေကြရပါတယ်။ မိမိခြံတွင် ဟင်းသီးဟင်းရွက်ပင်များ၊ ပန်းပင်များ စတင်စိုက်ပျိုးသည့် အချိန်မှ စ၍ အပင်များ ရှင်သန်ကြီးထွားလာသည်အထိ မြေတောင်မြှောက်ပေးရပါတယ်။ ထို့အပြင် အပင်များ ပိုးကျခြင်း မရှိစေရန်အတွက် ပိုးသတ်ဆေးများဖြန်းပျက်ခြင်း၊ မိမိ၏ ဥယျာဉ်ခြံအတွင်း မြက်ပင်များထူထပ်နေပါက ပေါင်းသတ်ဆေးများ ပျက်ဖြန်းခြင်း စသည်တို့ကို ဥယျာဉ်မှူးများအနေဖြင့် လိုအပ်သလို ပြုလုပ်နေကြရပါတယ်။ အသီးများ သီးချိန် သို့မဟုတ် ပန်းများပွင့်ချိန်၌လည်း အသီးကြီးထွားစေရန်နှင့် ပန်းပွင့်များ အပွင့်လှရန်အတွက် အသီးအပွင့် အားတိုးဆေးများကိုလည်း လိုအပ်သလို ပျက်ဖြန်းပေးရပါတယ်။ ထိုသို့ အပင်ပန်းခံ၊ ငွေကုန်ခံကာ သစ်ပင်ပန်းပင်များကို ဂရုစိုက်သော်လည်း တစ်ခါတစ်ရံ အသီးအနှံဈေးများ မကောင်းပါက ဥယျာဉ်မှူးများအနေဖြင့် အရှုံးနှင့်လည်း ရင်ဆိုင်ကြရပါတယ်။
အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတမှု ရှိသော အလုပ်များကို ရွေးချယ်လုပ်ကိုင်ရာတွင် ရေရှည် တည်တံ့နိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုအပ်လှပါတယ်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် အလုပ်အကိုင်များအနေဖြင့် အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတမှုပေးသော လုပ်ငန်းများမှာ အလွန်ရှားပါးနေပါသဖြင့် လက်ရှိတွင် အလုပ်နှင့် မိသားစုကြား သဟဇာတရှိသော လုပ်ငန်းများကို လုပ်ကိုင်နေသော မြန်မာလူမျိုးတို့အနေဖြင့် လက်ရှိအလုပ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းသင့်ရုံသာမက မိမိတို့၏ နောင်အနာဂတ် မျိုးဆက်သစ် မြန်မာလူမျိုးများအတွက်လည်း ထိုသို့ သဟဇာတပေးနိုင်သော လုပ်ငန်းများကို လက်ဆင့်ကမ်းသင့်ကြောင်းနှင့် ချဲ့ထွင် လုပ်ကိုင်သွားသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။
By: Su Su Aung
