Community Health Workers from Paw Bu Hla Hta, Thai-Myanmar Border

ထိုင်းမြန်မာနယ်စပ် ဖောပြုလှထမှ ကျန်းမာရေးလုပ်သားများ

Summary

Community Health Workers- CHWs work at clinics located in 7 districts which are under the control of Karen National Union- KNU. Leaving their siblings, parents, children and friends and constraining their feeling of missing homes, they come and learn about health and medicines taught by well-trained staffs and doctors, who work at Karen Department of Health and Welfare- KDHW. Training center is located on Thai-Myanmar border, Paw Bu Hla Hta. In some classes, they have difficulties of understanding Burmese as they are a tribe called Karen from Southeastern part of Myanmar and their mother language is Karen. In my class, I get to know that most of the CHWs cannot speak Burmese which is a national language. We are responsible for giving them an opportunity to learn English and Burmese as they are willing to learn.

Training center and Karen flag in front of it
ကျြန်းမာရေးလုပ်သားများကို သင်ကြားပို့ချရာကျောင်း နှင့် အရှေ့ဘက်ရှိ ကရင်အလံ
Caption: Training center and Karen flag in front of it

ပီးခဲ့တဲ့ အရင်နှစ် နွေရာသီကျောင်းပိတ်ရက်တုန်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ Karen Department of Health and Welfare- KDHW မှာ ကျွန်မ နှစ်လကြာ အလုပ်သင်ဆင်းခဲ့ပါတယ်။ ကျွန်မ စိတ်ဝင်စားတဲ့ Nutrition အကြောင်းကို Community Health Workers- CHWs ခေါ် ကျန်းမာရေး လုပ်သားများထံသို့ သင်ကြားပို့ချပေးဖို့ နောက်တစ်နေရာဖြစ်တဲ့ ဖောပြုလှထလို့ခေါ်တဲ့ ထိုင်းမြန်မာနယ်စပ်သို့လည်း ငါးရက်ကြာ ကျွန်မ သွားရောက်ခဲ့ပါတယ်။ ထိုနယ်စပ်ကတော့ တံတား ဂိတ် စစ်ဆေးရေးတွေမရှိဘဲ နားလည်မှုနှင့်သာ ဝင်ထွက်သွားလာနေကြတဲ့ နေရာဖြစ်ပါတယ်။ မြို့တွေနဲ့လည်း အရမ်းဝေးကွာပေမယ့် အေးချမ်းတဲ့ နေရာလေး ဖြစ်ပါတယ်။ ထိုင်းဘက်မှာ အဆောင်နေတဲ့သူတွေအနေနဲ့ကတော့ ထိုသင်တန်းရှိရာ မြန်မာဘက်ခြမ်းကို ရောက်ရှိဖို့ ပြောင်းခင်းများကို ဖြတ်ကျော်ပြီး ၁ နာရီကြာ လမ်းလျှောက်ရပါတယ်။ ကျောင်းတည်ထောင်သူ ဆရာမကြီးနဲ့ သူမရဲ့ ခင်ပွန်း ဆရာတို့ အားလပ်မှသာ ကားဖြင့်လိုက်ပို့ကြပါတယ်။

Corn fields besides the muddy road which is connecting Myanmar and Thailand
ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာဘက်ခြမ်းသို့ သွားရာလမ်းရှိ ပြောင်းခင်းများ
Caption: Corn fields besides the muddy road which is connecting Myanmar and Thailand

Karen National Union- KNU ထိန်းချုပ်နယ်မြေ ၇ ခုမှာ တည်ထောင်ထားတဲ့ ဆေးခန်းများမှ ကျန်းမာရေးလုပ်သားများဟာ ရပ်ဝေးရပ်နီး မိဘ၊ ဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်း၊ မိသားစုတို့နှင့် ခွဲခွာပြီး ထိုသင်တန်းရှိရာ ထိုင်းမြန်မာနယ်စပ်သို့ လာရောက်ကာ ကျန်းမာရေးအကြောင်း၊ ဆေးအကြောင်း စသဖြင့်တို့ကို သင်ကြားကြရပါတယ်။ သူတို့လေးတွေထဲမှာ ကျွန်မထက် ငယ်သောသူတွေရော၊ ကျွန်မထက် ကြီးသောသူတွေရော ပါပါတယ်။ ကျွန်မစဉ်းစားမိတာလေးတစ်ခုကတော့ အဲ့ဒီနေရာမှာ ဘယ်လောက်ဘဲ အစားအသောက် အနေအထိုင် အဆင်ပြေပါစေ သူတို့ရဲ့ လူမျိုးအတွက် စဉ်းစားပြီး သူတို့လေးတွေရဲ့ မိသားစုတွေနဲ့ ခွဲခွာကာ အိမ်လွမ်းစိတ်တွေကို ချိုးနှိမ်ပြီး လာရောက် ပညာသင်ကြားနေကြပါလား။ အချို့ဆိုလျှင် မိမိတို့ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ခွဲခွာကာ လာရောက် ပညာသင်ကြရပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ သူတို့ရဲ့ အိမ်နဲ့လည်း ကြာကြာ မခွဲခွာရဘဲ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ပေးဖို့ ကျွန်မတို့သာမက လုပ်ပေးနိုင်တဲ့ သူတွေမှာ တာဝန်မရှိဘူးလား။

A dormitory located on Thai side, where some of the CHWs temporarily stay during the training
ထိုင်းနိုင်ငံဘက်ခြမ်းရှိ အချို့သော ကျန်းမာရေးလုပ်သားများနေထိုင်ရာ ဘော်ဒါဆောင်
Caption: A dormitory located on Thai side, where some of the CHWs temporarily stay during the training

ဒါ့အပြင် အနည်းငယ်သော ကျန်းမာရေးလုပ်သားများသာ ဗမာစကားတတ်ကြသဖြင့် ကျွန်မအနေဖြင့် စာသင်ကြားရာမှာ အနည်းငယ် အခက်အခဲရှိခဲ့သော်လည်း သူတို့၏ နွေးထွေးကြင်နာသော ဆက်ဆံမှု၊ ခင်မင်ရင်းနှီးမှုတို့က ကျွန်မကို ပျော်ရွှင်စေခဲ့ပါတယ်။ ကျွန်မနှင့်အတူ ကရင်စကားတတ်တဲ့ ရုံးက အမ တစ်ယောက်လည်း ပါတာမို့ ကျွန်မအတွက် အဆင်ပြေခဲ့စေသော်လည်း သူတို့လေးမှာ ဘာသာစကား အခက်အခဲရှိခဲ့တာရယ်၊ ကျွန်မ သင်ပေးခဲ့တာတွေကို နားလည်သင့်သလောက် နားလည်ခွင့်မရခဲ့တာတွေရယ် ရှိခဲ့မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါပေမဲ့ သူတို့လူမျိုးကိုချစ်တဲ့စိတ်၊ ကူညီချင်တဲ့စိတ်တွေနဲ့ သူတို့နားလည်သင်ယူခဲ့သလောက် ပြန်လည်အသုံးချနိုင်မယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ သူတို့လေးတွေရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ကရင်စာကို အဓိကဘာသာအဖြစ် သင်ယူပြီး ဗမာစာ ဗမာစကားကိုလည်း သင်ယူသင့်တယ်လို့ ကျွန်မယူဆမိပါတယ်။

Corn fields near the gate between Myanmar and Thailand
ထိုင်းမြန်မာနယ်စပ် ဂိတ်အနားရှိ ပြောင်းခင်းများ
Caption: Corn fields near the gate between Myanmar and Thailand
A house located on Thai side where teachers temporarily stay during the training
ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျန်းမာရေးလုပ်သားများကို စာသင်ကြားပေးသော ဆရာ၊ဆရာမများ ယာယီနေထိုင်သော အိမ်
Caption: A house located on Thai side where teachers temporarily stay during the training

ကရင်စကားကိုလည်း ကျွန်မကို သင်ပေးရုံသာမက ဗမာစကားကိုလည်း ကြိုးစားပြီး ပြောကာ ကျွန်မကို ပျော်ရွှင်ရယ်မောစေခဲ့ပါတယ်။ သဘာဝအသီးအရွက်များကိုလည်း အရသာရှိရှိ စေတနာထားချက်ပြုတ် ကျွေးမွေးတဲ့အတွက်လည်း ကျွန်မအနေနဲ့ သူတို့နဲ့ ဖန်တီးခဲ့တဲ့ အမှတ်တရလေးတွေကို အမြဲအမှတ်ရနေဆဲ ဖြစ်ပါတယ်။ အခွင့်အရေးရှိခဲ့မယ်ဆိုလည်း နောက်တခေါက် သွားရောက်ဖို့ မျှော်လင့်ရင်း ကျွန်မကို ထိုနေရာသို့ သွားရောက်ဖို့ ပို့ဆောင်ပေးတဲ့ တာဝန်ယူပေးတဲ့ လူကြီးများကိုလည်း ကျေးဇူးတင်မိပါတယ်။

 

By: Mya Yun Hlwar

Leave a Reply

Your email address will not be published. Required fields are marked *