အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့သွားသော သားအမိနှစ်ယောက်၏ အလုပ်နှင့်ဘဝ မျှတစွာ နေထိုင်မှု မရှိခြင်း Imba
Summary
A mother and her son migrated to the United States of America for a better life but they ended up with imbalance in work and life. Both of them did not enjoy their new life as they had to live separately from each other and away from the rest of the family members. As the mother is not well-educated and unable to speak English, she doesn’t have a good job and meet with many difficulties in the work place. Since she can’t take her son with her to the workplace, she left her son with another Myanmar family residing in a different state. The son is only four years old and he was, one time, left outside of the house when it was heavily snowing. He often accidentally broke house items while he was playing, thus causing problems with the caretaker family. Then, one day, the mother and the son reunited with the help of their friends who used to stay in the same refugee camp with them in Thailand. Now both of them are together and their grief is reduced. However, they are still facing the lack of work-life balance as they cannot go back home to Myanmar to be with the rest of the family.

(Heavy snow in a US city during winter)
အမေရိကန်နိုင်ငံသို့ ထိုင်းနိုင်ငံ အခြေစိုက် ဒုက္ခသည်စခန်းမှ တဆင့် ရွှေ့ပြောင်းနေထိုင်သွားတဲ့ သားအမိ နှစ်ယောက်ရဲ့ အလုပ်နှင့်ဘဝ ထပ်တူမျှတမှု မရှိခြင်းကို ကြုံဆုံ ခံစားခဲ့ရတဲ့ ဥပမာလေးကို လေ့လာကြည့်ကြရအောင်။ အမေရိကန်နိုင်ငံသို့ ရောက်ခါစမှာ သားအမိ နှစ်ယောက် တကွဲတပြားစီ နေထိုင်ကြရပြီး ဘဝအတွက်၊ စားဝတ်နေရေးအတွက် ကြိုးစားရာမှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့သလဲ။ သားအမိ နှစ်ယောက် ခွဲခွာပြီး ဘယ်လို ခံစားခဲ့ရသလဲ။
အသက် ၃၅ နှစ်ခန့် အမေနဲ့ အသက် လေးနှစ်ခန့် ကလေးတို့ဟာ ၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံအခြေစိုက် ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့တယ်။ ပြီးတော့ ပညာလည်း မတတ်၊ အင်္ဂလိပ်စကားလည်း မတတ်တဲ့ အမေအဖို့ အမေရိကန်လို နိုင်ငံမျိုးမှာ အလုပ်ရရန် အလွန်ခက်ခဲခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာတော့ သားအမိနှစ်ယောက် မျက်စိသူငယ်၊ နားသူငယ်ဖြင့် သူများအိမ်မှာ အနှိမ်ခံပြီး နေခဲ့ကြရတယ်။ အခြားမိသားစုဝင်တွေဖြစ်ကြတဲ့ သူ့ရဲ့ မိခင်၊ မောင်နှမ၊ တူ၊ တူမတွေနဲ့ ခွဲခွာပြီး အမေရိကန်နိုင်ငံမှာ အဆက်အသွယ် အတန်ကြာ ပြတ်တောက်ပြီး ရုန်းကန်ခဲ့ရတယ်။ အိမ်ငှါးခ ဈေးကြီးတဲ့အတွက် ကိုယ်တိုင် ငှါးနေရန်အတွက် အခက်အခဲရှိခဲ့တယ်။

(Refugee camp in Thailand)
Source: www.lightfootdiaries.com
နောက်ပိုင်းတော့ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ အတူတူနေခဲ့တဲ့ မြန်မာလူမျိုးသူငယ်ချင်းတွေနဲ့ ပြန်ဆုံခဲ့ကြပြီး ၄င်းတို့ရဲ့ အလုပ်နှင့် ဘဝ မျှတစွာ နေထိုင်ဖို့ရာ သူငယ်ချင်းတွေက ကူညီခဲ့ကြပါတယ်။ ကလေးကိုလည်း စောင့်ရှောက်ပြီး သူမအတွက် အလုပ်လည်း ရှာဖွေပေးကာ ကူညီစောင့်ရှောက်ခဲ့ပါတယ်။ သို့သော် ပညာမတတ်သော သူမအဖို့ လစာကောင်းတဲ့ အလုပ်ကို မရဘဲ သာမန် အခြေခံအလုပ်သမားအဖြစ် အလုပ်လုပ်ရင်း အိမ်ပြန်နိုင်ရန်အတွက် လုံလောက်တဲ့ ပိုက်ဆံကို မရှိတဲ့အတွက် မိသားစုများနှင့် မတွေ့ဆုံနိုင်သေးဘဲ အမေရိကန်နိုင်ငံတွင်သာ ဘဝအတွက် ဆက်လက် ရုန်းကန်နေဆဲဖြစ်ပါတယ်။
By: Mya Yun Hlwar
