မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ နှင့် လစာလျော့သွားခြင်းမရှိဘဲ အိမ်မှနေ၍ အလုပ်လုပ်ခြင်း
Summary
When women who are working at an office, company, organization or factory, get pregnant, they have to take a leave. A developing country like Myanmar where proper rules and regulations for labour rights are not justified, cannot ascertain wages for such women during their confinement and after birth. Not only do women have difficulties with little wages during their pregnancy but men also do not get their wages while they are taking care of their baby and wife by taking a leave from their workplace. Hence, what kind of job opportunities should we create for such married people? Pregnant women can create handicrafts such as floral arrangements, painting, knitting, and weaving baskets with unused papers at home. In this Information and Communication Technology era, fathers can also work on their laptops or computers from home without reduction in their salaries during taking a leave.
ရုံး၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ စက်ရုံအလုပ်ရုံ စသဖြင့် အလုပ်အကိုင်ဌာနများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အိမ်ထောင်သည် အမျိုးသမီးများ ကိုယ်ဝန်ဆောင်လာရတဲ့အခါ အလုပ်နားရတာတွေ ခွင့်ယူရတာတွေ ရှိတတ်ပါတယ်။ အလုပ်အကိုင်နှင့်ပတ်သက်တဲ့ ဥပဒေများကို တိကျသေချာစွာ မရေးဆွဲထားသေးသော မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၄င်းအမျိုးသမီးများအတွက် အလုပ်နားရတဲ့ အချိန်မှာ လစာဝင်ငွေ အခက်အခဲများ ရှိတတ်ပါတယ်။ ဒါကြောင့် ထိုအမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်စဉ် မည်ကဲ့သို့သော အလုပ်အကိုင် အခွင့်အလမ်းများ ပေးသင့်ပါသလဲ။

(Somewhere in Yangon, capital city of Myanmar)
The Myanmar Garment Manufacturers Association စာမျက်နှာတွင် ဖော်ပြထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ ရေးသားချက်များမှ ကောက်နှုတ်ချက်အရ-
-
အမျိုးသမီး အလုပ်သမားများသည် သားဖွားမီးနေခြင်း မပြုမီ ၆ ပတ် နှင့် သားဖွားမီးနေပြီး ၈ ပတ်၊ စုစုပေါင်း ၁၄ ပတ် အလုပ်နားခွင့်ရှိသည်။
-
မီးမဖွားမီ အရင်နှစ် (လွန်ခဲ့တဲ့နှစ်)မှ ပျမ်းမျှလစာရဲ့ ၇၀ ရာခိုင်နှုန်းကို အလုပ်နားချိန်အတွင်း ရယူပိုင်ခွင့်ရှိသည်။
-
ထို့ပြင် ကလေးမွေးဖွားပြီးသည်နှင့် လစာ၏ ၅၀ ရာခိုင်နှုန်း (အမွှာမွေးလျှင် ၇၅ ရာခိုင်နှုန်း၊ သုံးမွှာမွေးလျှင် ၁၀၀ ရာခိုင်နှုန်း) ရယူပိုင်ခွင့်ရှိသည်။ ထို့ကြောင့် အလုပ်နားနေသည့် ၈ပတ်အတွက် ပျမ်းမျှလစာရဲ့ ၁၂၀ ရာခိုင်နှုန်းကို ကလေးမွေးဖွားပြီးလျှင် စီမံခန့်ခွဲ ပေးအပ်မည်ဖြစ်သည်။
မိခင် မီးနေစဉ် ကလေးအား စောင့်ရှောက်ရန်အတွက် ဖခင်သည် ၁၅ရက်အထိ လစာမရဘဲ အလုပ်နားခွင့်ရှိသည်။

(Book cover made of origami paper)
ဖွဲ့စည်းပုံ ဥပဒေတွင် ဤကဲ့သို့ ရေးသားတင်ပြထားသော်လည်း မကောင်းသည့် ဆိုးဝါးသည့် အလုပ်ရှင်နှင့် တွေ့လျှင် မိန်းမသားများအတွက် လစာဝင်ငွေ ထိခိုက်မည်မှာ အမှန်ပင်ဖြစ်သည်။ စက်ရုံများတွင် လုပ်ကိုင်နေရသော မရှိချို့တဲ့ ဆင်းရဲသားများအနေဖြင့် ဘယ်လို အသက်ရှင်နေထိုင်ပါမလဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း အမျိုးသမီးများအတွက် ယာယီအလုပ်အကိုင်အခွင့်အလမ်းများဖြစ်ကြသော အိမ်တွင်းမှု ပန်းထိုးအနုပညာ၊ ပန်းချီ၊ ချည်ထည်ထိုးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် အသုံးမပြုတော့တဲ့ စက္ကူစာရွက်များကို ပြန်လည်တီထွင်ခြင်း အနုပညာများ မြန်မာနိုင်ငံတွင် အများ အပြားလိုအပ်သည်။

(Floral arrangements at a wedding)
“မိခင် မီးနေစဉ် ကလေးအား စောင့်ရှောက်ရန်အတွက် ဖခင်သည် ၁၅ရက်အထိ လစာမရဘဲ အလုပ်နားခွင့်ရှိသည်။” ဟူသော သတ်မှတ်ချက်ကိုလည်း မြန်မာနိုင်ငံအနေဖြင့် ပြန်လည် ရေးသားပြုပြင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ကလေးဖခင်များအနေဖြင့်လည်း အိမ်မှနေ၍ မိမိ ကလေးနှင့် ဇနီးကို ကြည့်ရှုစောင့်ရှောက်ရင်း အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများလိုအပ်သည်။ ဤကဲ့သို့ လုပ်ဆောင်နိုင်ရင် နည်းပညာနှင့် ဆက်သွယ်ရေးသည် လွန်စွာ အရေးပါလှပေသည်။

(Myanmar painting picture at a painting shop of Bogyoke Market, Yangon)
“သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ” ခေတ်တွင် ရုံး၊ ကုပ္မဏီ နှင့် အဖွဲ့အစည်းရှိ အိမ်ထောင်သည် ဝန်ထမ်းများ အနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း လစာလည်း မပြတ်ဘဲ အိမ်မှနေ၍ ကွန်ပြူတာများ အသုံးပြုကာ အင်တာနက်ကနေတဆင့် အလုပ်လုပ်နိုင်ရန် အခွင့်အလမ်းများလည်း လိုအပ်သည်။ ထိုအခွင့်အလမ်းများ ရရှိရန် ဥပဒေ စည်းမျဉ်းများကို ပြန်လည်ဖွဲ့စည်းရန်လည်း လိုအပ်သည်။ သို့မှသာ အလုပ်နှင့် မိသားစုဝေယျာဝစ္စများကို မျှတစွာ တချိန်တည်းမှာ လုပ်ဆောင်နိုင်မှာဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် လစာဝင်ငွေများလည်း လျော့သွားမည် မဟုတ်ဘဲ အလုပ်လည်း ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။

(Working on a laptop at home)
ထို့ကြောင့် မြန်မာနိုင်ငံတွင် အိမ်ထောင်သည်များအတွက် အလုပ်အကိုင်အခွင့်အလမ်းမြောက်များစွာ လိုအပ်သည်။ တဖက်မှ မိမိ မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်းမိတ်ဆွေများဖြင့်လည်း ပျော်ရွှင်စွာ နေထိုင်ရင်း၊ အိမ်ထောင်တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်ရင်း၊ အလုပ်ကိုလည်း တာဝန်ရှိရှိ လုပ်ဆောင်ကာ လစာများလည်း လစ်ဟင်းမှုမရှိဘဲ အေးချမ်းသာယာစွာ နေထိုင်နိုင်မည်ဖြစ်သည်။
References:
Labour Laws & Regulations. (2014). The Myanmar Garment Manufacturers Association. Retrieved 20 April 2016, from http://www.myanmargarments.org/factory-information/laws-regulations/
By: Mya Yun Hlwar
