ရွှေ့ပြောင်း မြန်မာကျောင်းသူကျောင်းသားများအကြား အလုပ်နှင့် ဘဝနေထိုင်မှု မမျှတခြင်း
Lack of Work-Life Balance among Myanmar Migrant Students
Summary
The lack of work-life balance negatively affects Myanmar students studying in migrant schools located on the Thai-Myanmar border, Mae Sot. Most who migrated from Myanmar to Mae Sot are from Karen State bordered with Thailand. During the civil conflicts between the military regime and the Karen armies, Karen people flee to illegally reside in Thailand. In order to survive, not only do parents work but also their kids who do part-time jobs at night after finishing school classes in the day time. Since children know only a few Thai words, they are paid small wages. Studying and working throughout the day means they do not have free time for rest or play, thus the lack of work-life balance in their daily life. Most of them leave schools without graduation in order to get jobs or get married. Life beyond school also sees them working very long hours to support their families.

(Thai-Myanmar border, Mae Sot)
ထိုင်း မြန်မာ နယ်စပ်ရှိ ရွှေ့ပြောင်း မြန်မာကျောင်းသူ၊ကျောင်းသားတွေရဲ့ နေ့စဉ် လှုပ်ရှားမှုတွေမှာ သူတို့ အလုပ်နှင့်ဘဝ မျှတစွာ နေထိုင်မှု ရှိကြရဲ့လား။ စာရော ကောင်းစွာ စိတ်အေးလက်အေး သင်နိုင်ကြရဲ့လား။ သူတို့လေးတွေမှာ ဘာအခက်အခဲတွေ ရှိနေလဲ။ အလုပ်နဲ့ ဘဝနေထိုင်မှုပုံစံ ထပ်တူမျှတမှု မရှိခြင်းဟာ ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ ဘဝအတွက် ဘယ်လို အကျိုးသက်ရောက်နို
ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ရွှေ့ပြောင်း မြန်မာကျောင်းတွေ ရှိကြပါတယ်။ ထိုကျောင်းတွေမှာ ပညာသင်ကြားနေကြသော ကျောင်းသူ၊ကျောင်းသားအများစုဟာ မြန်မာနိုင်ငံ အရပ်ရပ်မှ လာရောက်ကြသော်လည်း အများစုကတော့ ကရင်ပြည်နယ်မှ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က ကရင်တိုင်းရင်းသားတပ်ဖွဲ့များနှင့် စစ်တပ်ကြား စစ်ဖြစ်စဉ်ကာလအတွင်း လာရောက်ပုန်းရှောင်ရင်း မဲဆောက်မြို့မှာ ရွှေ့ပြောင်းခဲ့ကြတာဖြစ်ပြီး ၄င်းတို့ရဲ့ သားသမီးများကိုတော့ ရွှေ့ပြောင်းမြန်မာကျောင်းတွေမှာ ပညာသင်ကြားစေခဲ့တာ ဖြစ်ပါတယ်။

(Myanmar migrant school, Hsa Thoo Lei)
ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်ရသဖြင့် ၄င်းတို့ရဲ့ လုံခြုံမှုအတွက် ကလေးများဟာ ထိုင်းစာ ထိုင်းစကားတတ်မြောက်ကာ စားဝတ်နေရေးအတွက် ပညာသင်ကြားနေစဉ်အတွင်း အချိန်ပိုင်းအလုပ် လုပ်ကြရပါတယ်။ မိသားစုများတဲ့ ကလေးများအတွက် မိဘ၊ မောင်နှမတွေကို လုပ်ကျွေးပြုစုဖို့အတွက် ကျောင်းတဖက်၊ အချိန်ပိုင်းအလုပ်တဖက်နဲ့ သူတို့လေးတွေ နေ့စဉ် ပင်ပန်းကြရတယ်။ ကျောင်းသို့ လာရောက် ပညာသင်နေစဉ်မှာလည်း မုန့်ဖိုးသုံးမည့်အစား သူတို့ရှာထားတဲ့ လုပ်ခကို မိသားစု ထမင်းဖိုးအတွက် သုံးကြရရှာတယ်။
မနက် ၈ နာရီခွဲ ကျောင်းတက်ပြီး ၄ နာရီ ကျောင်းဆင်းကာ အိမ်အမြန်ပြန်ကြရတယ်။ မိဘတွေ အလုပ်လုပ်နေစဉ်အချိန်အတွင်း မောင်ငယ် ညီမငယ်တွေကို အိမ်ပြန် ထိန်းကာ ညစာအတွက် ထမင်းချက် ဟင်းချက်ကြရတယ်။ မိဘတွေ အိမ်ပြန်ရောက်မှ အချိန်ပိုင်းအလုပ်အတွက် ညထွက် အလုပ် လုပ်ကြရတယ်။ မဲဆောက်မြို့မှာ အလုပ်မရှားသော်လည်း တရားမဝင်နေထိုင်သူဖြစ်ပြီး ထိုင်းစကား မကျွမ်းကျင်တဲ့ ကလေးငယ်သူများအဖို့ လုပ်ခက အလွန်နည်းပါးပါတယ်။ ထိုကဲ့သို့ ဘဝအခက်အခဲများကို နေ့စဉ် ရင်ဆိုင် ကြုံတွေ့နေရသော ကလေးသူငယ်တွေမှာ ပင်ပန်းခြင်း၊ အလုပ်နှင့် ဘဝနေထိုင်မှု မမျှတခြင်း၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်ပေါ်ကာ နောက်ဆုံးတော့ မိသားစုကို ရှာဖွေကျွေးမွေးရန်အတွက် ကျောင်းထွက် အလုပ်လုပ်ကြရရှာတယ်။ ပညာသင်ချိန်မှာ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြရဘဲ ကျောင်းထွက်အလုပ်လုပ်ရတဲ့ ရွှေ့ပြောင်း မြန်မာကျောင်းသားများဟာ တက္ကသိုလ်တက်ရောက်နိုင်တဲ့ ကျောင်းသားများထက် အင်မတန်ကို များပြားပါတယ်။

Knowledge Zone (Myanmar migrant learning center)
