မြန်မာနိုင်ငံ မြို့ပြဒေသများရှိ အခြေအနေမဲ့လူတန်းစားတို့ရပ်ကွက်မှ အစာအာဟာရချို့တဲ့မှုကို ခံစားနေရသော ကလေးငယ်များ
Summary
Health workers and public health scholars from Myanmar assume that there are more malnourished children in remote areas and try to reach out their interventions to rural areas. However, there are more malnourished children under five who are currently living in urban slum areas. It is required to educate parents of the children who are suffering from severe malnutrition. Rather than providing medicines to the children who seem to be malnourished in the future, it is better to teach their parents in terms of feeding practices, providing nutritious diets and contributing health education.

Source: www.elevenmyanmar.com (by Kyi Naing)ြ
မန်မာနိုင်ငံသည် “ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ” အဖြစ်သို့ အသွင်ပြောင်းလဲနေလျက်ရှိသည်။ ထိုကဲ့သို့ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအရ အကောင်းဘက်သို့ ဦးတည် ပြောင်းလဲလျက်ရှိသော်လည်း လူထုကျန်းမာရေးအနေဖြင့် ဆင်းရဲနွမ်းပါး အခွင့်အရေးမပေးခံရသော ကလေးငယ်များအကြား အစာအာဟာရ ချို့တဲ့မှုကတော့ မြို့ပြနေရာတွေမှာ အဓိကပြသနာတွေထဲက တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ကလေးငယ်များကို ပြည့်စုံလုံလောက်တဲ့ အာဟာရကြွယ်ဝတဲ့ အစားအစာများကို ထောက်ပံ့ခြင်း၊ မိခင်များကို ထိရောက်တဲ့ နို့ချိုတိုက်ကျွေးတဲ့ စနစ်များကို သင်ကြားပေးခြင်း၊ ကျန်းမာရေးပညာပေးဗဟုသုတများကို သင်ကြားပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် အစာအာဟာရချို့တဲ့ခြင်းကို ကြိုတင်ကာကွယ်နိုင်သော်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် မြို့ပြနေရာတွေမှာ နေထိုင်တဲ့ အခြေအနေမဲ့ လူတန်းစားတွေဆီကို ကျန်းမာရေးလုပ်ဆောင်ချက်တွေ တိုက်ရိုက်ရောက်ရှိဖို့ကတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Source: www.flickr.com (by UNICEF Asia Pacific)
Global Alliance for Improved Nutrition အင်တာနက်စာမျက်နှာတွင် ဖော်ပြချက်အရ ကမ္ဘာတဝှမ်းအားဖြင့် အရမ်းဆိုးရွားတဲ့ အစာအာဟာရချို့တဲ့မှုဟာ ကလေးငယ်များ အဓိက သေဆုံးရခြင်းရဲ့ တတိယအဆိုးရွားဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အစာအာဟာရချို့တဲ့မှုကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ်ပေါင်း ၂.၆ မီလီယမ်ဟာ နှစ်စဉ် သေဆုံးနေရပါတယ်။ Trading Economics အင်တာနက်စာမျက်နှာတွင် ဖော်ပြထားထာကတော့ မြန်မာနိုင်ငံမှာ အသက် ငါးနှစ်အောက်ရှိတဲ့ ကလေးငယ်ပေါင်း ၄၀.၈ ရာခိုင်နှုန်းဟာ အစာအာဟာရချို့တဲ့တဲ့ ရောဂါကို ခံစားနေရပါတယ်။ထိုကဲ့သို့သော အခြေအနေမဲ့ လူတန်းစားအတွက်တော့ ကျန်းမာရေးအခက်အခဲ ပြသနာတွေရဲ့ အရင်းအမြစ်ဟာ ဆင်းရဲနွမ်းပါးမှုဖြစ်ပါတယ်။ အစာအာဟာရချို့တဲ့မှုကို ခံစားနေရသော အခြေအနေမဲ့လူတန်းစားမှ ကလေးငယ်များအတွက် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများအနေဖြင့် ငွေကြေးအရရော ကျန်းမာရေးပညာပေးတဲ့ ဟောပြောပွဲများပါမကျန် ကူညီပေးရန် လိုအပ်နေသေးသည်။ မြန်မာနိုင်ငံကဲ့သို့သော ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွင် ရောဂါဖြစ်မှ ဆေးပေးသည်ထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မှသာ အခြေအနေမဲ့ လူတန်းစားများအတွက် ထိရောက်စွာ ကူညီရာရောက်ပေမည်။

(A girl playing with her little brother at rubbish dump)
Source: www.pbs.org
ကျန်းမာရေးလုပ်သားများအနေဖြင့် ကျေးလက်ဒေသများရှိ အစာအာဟာရချို့တဲ့မှုကို ခံစားနေရသော ကလေးသူငယ်များကို အာရုံစိုက်ကာ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများကို ပိုမိုလုပ်ဆောင်နေသောကြောင့် မြို့ပြများရှိ အခြေအနေမဲ့လူတန်းစား ကလေးငယ်များအတွက် လစ်ဟင်းမှုများ ရှိနေတတ်သည်။ ထို့ကြောင့် မြို့ပြရှိ ဆင်းရဲနွမ်းပါးသော ရပ်ကွက်များတွင် နေထိုင်သော အစာအာဟာရချို့တဲ့ခြင်းကို ပြင်းထန်စွာ ခံစားနေရသော ကလေးသူငယ်များအတွက် ၄င်းတို့၏ မိခင်များကိုလည်း ကျန်းမာရေးပညာရေး ဗဟုသုတများ ပို့ချသင်ကြားပေးရန် လိုအပ်သည်။ ကျန်းမာရေးစာဆောင်၊ ဆောင်းပါးများကိုလည်း ကလေးသူငယ် မိဘများ အချိန်ပေး ဖတ်ရှုရန်လည်း တိုက်တွန်းနှိုးဆော်သင့်သည်။ ရပ်ကွက်များအတွင်းတွင်လည်း လမ်းဘေးစာစောင်များ ဝေငှခြင်း၊ လမ်းဘေး ဓာတ်တိုင် အုတ်နံရံများတွင် ကပ်ထားခြင်းများလည်း လုပ်သင့်သည်။ သို့မှသာ ပြည်သူလူထု မိခင်များအနေဖြင့် မိမိတို့ ကလေးငယ်များကို အစာအာဟာရချို့တဲ့မှုရောဂါကို ခံစားရခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။
By: Mya Yun Hlwar
