Stereotypes about Transgender People and Lack of Work-Life Balance in Burma

မြန်မာနိုင်ငံရှိ Transgender People တို့အပေါ် လွဲမှားသော အယူအဆများနှင့် အလုပ်နှင့် ဘဝမျှတစွာ နေထိုင်မှု နည်းပါးခြင်း

Summary

Myanmar is still largely influenced by conservative thoughts derived from its major religions and beliefs. Just like most of the Asian societies, men dress up in certain ways to show their masculinity and women follow certain practices that symbolize their femininity. The boundary between men and women are made clear, and it is socially problematic to fall between the two categories. This mere boundary gives rise to seeing transgender people’s bodies as ‘unnatural’ and manifests discrimination against them. They have thus become a population who cannot express their true self in public places. As they are discriminated against in a job market and in certain cultural celebrations, the lack of work-life balance is molded in their daily life. Therefore all of the stereotypes about transgender people should be eliminated and LGBT rights should be granted in Myanmar.

Colors representing LGBT
Caption: LGBT ကိုယ်စားပြုအရောင်များ
(Colors representing LGBT)
Source: www.taylormarsh.com

မြန်မာနိုင်ငံသည် ကျင့်သုံးနေသော ဘာသာရေးအယူအဆများ နှင့် ယုံကြည်မှုများမှ ဆင်းသက်လာသော ရှေးရိုးဆန်သော အတွေးအခေါ်များနှင့် လွှမ်းမိုးလျက်ရှိဆဲ နိုင်ငံဖြစ်ပါသည်။ အာရှတိုက်တစ်ဝန်းရှိ အခြားသော အများစုသော လူ့အဖွဲ့အစည်းများကဲ့သို့ အမျိုးသားများသည် ၄င်းတို့၏ ယောကျာ်းဆန်မှုကို ပြသရန်အတွက် ယောကျာ်းနှင့် သင့်တော်သော အဝတ်အစားများကိုသာ ဝတ်ဆင်ရပြီး အမျိုးသမီးများအနေဖြင့်လည်း ၄င်းတို့၏ မိန်းမသားဆန်မှုကို ပြသရန်အတွက် မိန်းမဆန်သော အဝတ်အစားများကိုသာ ဝတ်ဆင်သင့်သည်ဟု လူအများက မျှော်လင့်ကြသည်။ အမျိုးသား နှင့် အမျိုးသမီးများ အကြားရှိ စည်းတစ်ခုကို လူ့အသိုင်းအဝိုင်းများက ပြုလုပ်ထားသည်။ ဒီသိသာတဲ့ စည်းတစ်ခုက Transgender People ဟုခေါ်သည့် ယောကျာ်းခန္ဓာကိုယ်ဖြင့် မိန်းမစိတ်၊ မိန်းမခန္ဓာကိုယ်ဖြင့် ယောကျာ်းစိတ်ရှိသော သူတို့ကို လူ့အသိုင်းအဝိုင်းကြားတွင် ရပ်တည်ရန် အခက်အခဲ ရှိလာစေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ် ကို ‘သဘာဝမဟုတ်’ ဟုဆိုကာ သူတို့ကို ခွဲခြားဆက်ဆံမှုများ ပြုလုပ်ကြသ

The first Myanmar transgender woman who went to join the pageant in Pattaya Thailand
Caption: ထိုင်းနိုင်ငံ ဖတ်ထရားတွင် ပြုလုပ်ကျင်းပသော အလှမယ်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်သော မြန်မာနိုင်ငံမှ ပထမဦးဆုံးသော
(Transgender Woman – The first Myanmar transgender woman who went to join the pageant in Pattaya Thailand)
Source: http://www.mmtimes.com/index.php/lifestyle/9043-turning-heads.html

ပြုလုပ်ထားတာဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် တယူသန် ယူဆချက်တွေက ပတ်ဝန်းကျင်ကို လွှမ်းမိုးထားတာဖြစ်ပါတယ်

Transgender People တွေကို လူ့အသိုင်းအဝိုင်းမှာ ရှက်စရာဟု မြင်ကြပြီး သူတို့ရဲ့ မိသားစု အသိုင်းအဝိုင်းများအတွက် ကောင်းကျိုးမပေးဘဲ ဆိုးကျိုးများကိုသာ ပေးသောသူဟု ယူဆကြသည်။ သူတို့ရဲ့ မိသားစုများကိုလည်း လူ့အသိုင်းအဝိုင်းများ၏ ကဲ့ရဲ့ ဝေဖန် ရှုတ်ချမှုများကို သယ်ဆောင်လာသော သူများဟု ထင်ကြသည်။ Asia Calling Channel မှ ထုတ်ပြန်သည့် ဗွီဒီယိုတစ်ခုထဲတွင် မြန်မာနိုင်ငံမှ Transgender Woman တစ်ယောက်က အခုလို ပြောသွားပါတယ်။ သူ့ရဲ့ မိသားစုက သူဒီလို မိန်းမလို ဝတ်စားနေတာတွေ၊ မိန်းမစိတ်ဝင်နေတာတွေကို ရှက်လို့ သူ့ကို စွန့်ပစ်ခဲ့ကြပြီး အိမ်ကို ဘယ်တော့မှ ပြန်မလာနဲ့လို့ ပြောပါတယ်။

Men mocking transgender women on the road at night
Caption: ညဘက် လမ်းပေါ်တွင် Transgender Women များအား ယောကျာ်းလေးများက ရိသဲ့သဲ့ ပြုလုပ်နေပုံ
(Men mocking transgender women on the road at night)
Source: http://thepoc.net/index.php/ilga-asia-board-decries-reports-of-police-brutality-against-transwomen-in-mandalay/

မြန်မာနိုင်ငံမှာ အချို့သော ပြည်သူလူထုတွေ အပန်းဖြေနားခိုရာ နေရာတွေမှာ Transgender People တွေကို ဝင်ရောက်ဖို့ တားမြစ်ထားပါတယ်။ Remembrance of Transgender လို့ခေါ်တဲ့ Transgender တွေကို အမှတ်ရတဲ့နေ့ကိုလည်း အများပိုင်နေရာတွေမှာ ကျင်းပဖို့လည်း ပိတ်ပင်ထားပါတယ်။ ဥပမာအနေဖြင့် “Transgender Memorial Day” လို့ခေါ်တဲ့ Transgender တွေကို အမှတ်ရတဲ့နေ့ကို ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်တွေမှာ ပြုလုပ်ခွင့်ကို တားမြစ်ထားပါတယ်။ အဲ့ဒီ ကျင်းပတဲ့နေ့မှာ Transgender Man တစ်ယောက်ကလည်း အခုလို ပြောသွားပါတယ်။ သူမဟာ ငယ်ငယ်ကတည်းက ယောကျာ်းလေးလို ဝတ်စားရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ သူမကို သူမရဲ့ ဆရာ၊ဆရာမတွေ၊ မိဘတွေ နဲ့ သူငယ်ချင်းတွေက ခွဲခြားဆက်ဆံခဲ့တယ်လို့ ဆိုပါတ

Transgender People တွေကို မြန်မာ့လူ့အသိုင်းအဝိုင်းမှာ နှိမ့်ချဆက်ဆံတာတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အများနှင့်မတူဘဲ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း နည်းပါးနေပါတယ်။ အများနှင့်အတူ အချို့သော ပွဲတော်တွေ (သို့) ၄င်းတို့ကို အသိအမှတ်ပြုတဲ့ ပွဲတော် နေ့ရက်တွေကိုလည်း ဆင်နွှဲခွင့်မရကြပေ။ အများက ရိသဲ့သဲ့ လုပ်ခြင်းတွေကိုလည်း ခံစားကြရသဖြင့် အများနှင့်နည်းတူ သူတို့ဘဝကို သူတို့ ပုံမှန် မဖြတ်သန်းနိုင်ကြပေ။ အများကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးကာ လူ့အသိုင်းအဝိုင်းများရှိ နှိမ့်ချဆက်ဆံမှုတို့ကြောင့် အလုပ်နှင့် ဘဝမျှတစွာ နေထိုင်မှုလည်း မရှိကြပေ။ ထို့ကြောင့် သူတို့ အားလုံးအတွက် အခွင့်အရေးများကို ရှာဖွေပေးသော အဖွဲ့အစည်းများ တည်ထောင်ကာ လူသားအချင်းချင်း ခွဲခြား မဆက်ဆံဘဲ အများနှင့်တန်းတူ သူတို့ရဲ့ အခွင့်အရေးများ (LGBT Rights) ကို မြှင့်တင်ကြရမည်။

References

Htwe, Nyein. “LGBT Communitys Transgender Memorial Day.” Myanmar Times. 2014 The

Myanmar Times, 24 Nov. 2013. Web. 2 Jul. 2016.

“Kaum Gay Myanmar Mulai Muncul.” News. Youtube, 3 Jun. 2013. Web. 2 Jul. 2016.

 

By: Mya Yun Hlwar

 

Leave a Reply

Your email address will not be published. Required fields are marked *